မဒေါက်မြို့

From Wikipedia, the free encyclopedia

Remove ads

မဒေါက်မြို့ သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ညောင်လေးပင်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်သည်။[]

အချက်တိုများ မဒေါက်မြို့, နိုင်ငံ ...

မဒေါက်သည် ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ပြီး ရှေးမွန်ဘုရင်များ လက်ထက်ကပင် ထင်ရှားသည်။ မဒေါက်သည် မွန်အမည် ကမာဍိုတ်(အသံထွက် ကမာဒေါက်)မှ ဆင်းသက်လာပြီး ကမမှာ ရေကန်၊ ဒေါက်မှာ အုတ်ကို ဆိုလိုရာ အုတ်ရေကန်ဟု အဓိပ္ပာယ်ရသည်။ ကမာဒေါက်ကို မြန်မာတို့က မဒေါက်ဟု ခေါ်ခြင်းဖြစ်သည်။

မဒေါက်နှင့် ရွှေကျင်က တစ်မြို့စီ ဖြစ်သော်လည်း ရွှေကျင်မ‌ဒေါက်ဟု တွဲခေါ်လေ့ရှိသည်။ ရွှေကျင်နှင့် မဒေါက်မှာ ၂ မိုင်ခွဲမျှသာ ကွာဝေးသော်လည်း စစ်တောင်းမြစ် ခြားသည်။ ညောင်လေးပင်နှင့် မဒေါက်သို့ ၁၁.၂၅ မိုင် အရှည်ရှိ မီးရထားလမ်းဖြင့် ဆက်သွယ်ထားသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads