မယ်စဲ့တိုက်ပွဲ

From Wikipedia, the free encyclopedia

Remove ads
Remove ads

မယ်စဲ့တိုက်ပွဲ သည် ကယားပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်စဲ့မြို့နယ်အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်ဖြစ်ပြီး ၂၀၂၃ ပထမနှစ်ဝက်တွင် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၂၀၂၁ မြန်မာ ပြည်တွင်းစစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

နောက်ထပ် အချက်အလက်များ မယ်စဲ့တိုက်ပွဲ, ရက်စွဲ ...
Remove ads

တိုက်ပွဲ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တပ်သား ၃၀ ပါ စစ်ကြောင်းတစ်ခုဖြင့် မယ်စဲ့မြို့နယ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုကြောင့် တပ်မတော် စစ်သား ခြောက်ဦး သေဆုံးပြီး၊ ငါးဦးကို ဖမ်းဆီးရမိကာ ၁၀ ဦးမှ ထွက်ပြေးသွားခဲ့သည်။ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။[] ၂၀၂၃ ခုနှစ် မေလနှောင်းပိုင်းတွင် စစ်ကောင်စီတပ်သားများက မယ်စဲ့ရှိ အခြေစိုက်စခန်းများသို့ ရိက္ခာပစ္စည်းများ ပို့ဆောင်ရန် ကြိုးစားခဲ့ကြသည်။[]

၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ မနက် ၅ နာရီခန့်တွင် မယ်စဲ့ရဲစခန်းနှင့် အနီးနားရှိ စစ်စခန်းများကို စစ်ကောင်စီဆန့်ကျင်တပ်များက တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီအခြေစိုက်စခန်းများအား သိမ်းပိုက်ရရှိပြီးနောက် မြို့တွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့ပြီး ရဲတပ်သား ၁၀ ဦးခန့်ရှိသည့် မြို့နယ်ရဲစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့သည်။[] တောင်လှရွာအနီးရှိ စခန်းတွင် ၁၂၀ မမ လက်နက်ကြီးနှစ်လက်ကို သိမ်းပိုက်ရရှိခဲ့သည်။ အခြားစခန်းနှစ်ခုမှာ မိုင်လနွယ်ရွာအနီးနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မိုင်တိုင် ၁၄ အနီးတွင် ဖြစ်သည်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ၏ ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ ရိုင်ဖယ်လက်နက် ၄၀ ခန့် သိမ်းဆည်းရရှိခဲ့သည်။ မြို့နယ်ရဲစခန်းမှူးမှာ တိုက်ပွဲတွင် သေဆုံးခဲ့သည်။[] စစ်ကောင်စီမှ ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် ဇွန်လ ၁၄ ရက်နေ့ မနက် ၁ နာရီခန့်တွင် လေကြောင်းပစ်ခတ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့သည်။ မယ်စဲ့နှင့် အနီးနားရှိ ဒုက္ခသည်စခန်းများမှ အရပ်သား ၃,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။ စစ်ကောင်စီဆန့်ကျင်တပ်များမှ မြို့တွင်းမှ ပြန်လည်ဆုတ်ခွာခဲ့သော်လည်း တောင်ကုန်းများပေါ်တွင် ဆက်လက်တပ်စွဲထားဆဲ ဖြစ်သည်။[][]

ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ တပ်ဖွဲ့နှစ်ဖွဲ့သည် ယခင်က စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်အဖြစ် ရှိနေခဲ့သော်လည်း မယ်စဲ့တိုက်ပွဲတွင် စစ်ကောင်စီအား ပြန်လည် တိုက်ခိုက်ခဲ့သည်။[]

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား ခုနစ်ဦးမှာ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးသွားခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့အထိ လေကြောင်းမှ ဗုံးကြဲမှုများ ရှိနေဆဲဖြစ်သည်။[] ဇွန်လ ၁၈ ရက်နေ့တွင် မယ်စဲ့မြို့အား ပြန်လည်သိမ်းပိုက်ရန်အတွက် ဒီးမော့ဆိုရှိ စစ်ကောင်စီတပ်သား ရာပေါင်းများစွာကို စေလွှတ်ခဲ့သည်။[] ဇွန်လ ၂၃ ရက်နေ့တွင် ကရင်နီတပ်များအား မယ်စဲ့မြို့နယ်အတွင်းရှိ အခြားစစ်အခြေစိုက်စခန်းတစ်ခုကို ထပ်မံသိမ်းပိုက်ခဲ့သည်။[၁၀]

Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads