ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့

From Wikipedia, the free encyclopedia

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့
Remove ads

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (အင်္ဂလိပ်: Karenni Nationalities Defence Force; အတိုကောက်: KNDF) သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ အဖွဲ့တွင် တရားဝင်ကြေညာထားသော PDF များပါရှိသည်။ KNDF တွင် အဓိကအဖွဲ့အစည်းဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကဲ့သို့သော အဖွဲ့အစည်းအချို့လည်း ပါဝင်သည်။ "ဒီမှာ EAOs တွေက အများသူငှာနဲ့ သဘောတူညီမှုရှိတယ်" ဟု KNDF မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။[] ယခုအချိန်တွင် စစ်အစိုးရနှင့် KNDF အကြား တိုက်ပွဲအရှိန်ပြင်းလာနေ၍ တိုက်လေယာဉ်များနှင့် တင့်ကားများကို စစ်အစိုးရက အသုံးပြုလေ့ရှိသည်။[]

အချက်တိုများ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ Karenni Nationalities Defence Force, ခေါင်းဆောင်များ ...
Remove ads

ရည်ရွယ်ချက်

အင်တာဗျူးတစ်ခုတွင် KNDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက KNDF သည် ကယားပြည်နယ်ရှိ ကွဲကွာနေသော လူငယ်အင်အားစုအားလုံး၏ ပေါင်းစပ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ အရေးကြီးသော ပြဿနာမှာ စစ်ကောင်စီကို စည်းစနစ်တကျ အကွဲကွဲအပြားပြားဖြင့် တိုက်ခိုက်မည်ဆိုပါက ၎င်းတို့၏ အောင်ပွဲ အခွင့်အလမ်းမှာ အနည်းငယ်မျှသာ ဖြစ်သည်။ KNDF သည် စစ်ကောင်စီကို တွန်းလှန်ရန် အဖွဲ့တဖွဲ့အဖြစ် ဖွဲ့စည်းထားသည်။ ၎င်းတို့တွင် လက်နက်ခဲယမ်းမီးကျောက် ပြတ်လပ်မှုမှာ အဓိကပြဿနာဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။[]

Remove ads

ရည်မှန်းချက်

KNDF ၏ ရည်မှန်းချက်မှာ စစ်အာဏာရှင်ကို ဖြုတ်ချရန်ဖြစ်၍ အခြားသော လက်နက်ကိုင်အဖွဲ့များနှင့် အတူတူပင် ဖြစ်သည်။ ကရင်နီပြည်နယ် အတွင်းရှိ ပြည်သူများ၏ စည်းလုံးညီညွတ်မှု ရှိစေရန်၊ ပူးပေါင်း ဆောင်ရွက်ရန်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ ရပ်တည်ချက်ကို အထူးဂရုပြု ဆောင်ရွက်ရန်လည်း ဖြစ်သည်။[]

ကာကွယ်ရေးမူဝါဒ

KNDF သည် NUG နှင့် CRPH တို့၏ ကာကွယ်ရေးမူဝါဒကို လိုက်နာကြောင်း KNDF ၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

NUG ကာကွယ်ရေး ဝန်ကြီးဌာနသည် ကာကွယ်ရေး လုပ်ငန်းကို ဒီမိုကရေစီနည်းကျ ထိန်းချုပ်ပြီး ဖက်ဒရယ်စနစ် အရ လည်ပတ်နိုင်စေရေး ရည်မှန်းချက်ဖြင့် ကာကွယ်ရေး မူဝါဒ (၇)ချက်ကို ထုတ်ပြန်ခဲ့သည်။[၁၀]

မူဝါဒတွင် ခေါင်းဆောင်မှု၊ ကာကွယ်ရေးမူဝါဒရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှု၊ စစ်ဘက်ကဏ္ဍတွင် ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ အပြန်အလှန်ထိန်းကျောင်းမှု၊ ကာကွယ်ရေးစီမံခန့်ခွဲမှု၊ နိုင်ငံတကာအသိအမှတ်ပြု ဥပဒေများနှင့် ကျင့်ဝတ်များ လိုက်နာမှု၊ ခေါင်းစဉ်နှင့် တာဝန်သတ်မှတ်မှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် အရင်းအမြစ်ခွဲဝေမှုတို့ ပါဝင်သည်။

KNDF ၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ NUG ၏ ကာကွယ်ရေး အစီအစဉ်များနှင့်အညီ တည်ထောင်ခဲ့သည့် KNDF တွင် ကရင်နီပြည်နယ် အခြေစိုက် PDF သုံးခု၊ ရှမ်းပြည်အခြေစိုက် PDF နှစ်ခုနှင့် EAO အများအပြား ရှိသည်။[၁၁]

အခြားကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads