မယ်ဆိုင်မြို့
From Wikipedia, the free encyclopedia
Remove ads
မယ်ဆိုင်မြို့ (ထိုင်း: แม่สาย, Mae Sai; ရှမ်း: မႄႈသၢႆ) သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်၏ မြို့တော်ဖြစ်သည်။ မယ်ဆိုင်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ရာ အဓိကနေရာတစ်ခုဖြစ်ပြီး ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နှင့် တံတားတစ်စင်း ခြားသည်။
အာရှအဝေးပြေးလမ်းမကြီး AH2 (ထိုင်းနိုင်ငံလမ်းမကြီး ၁ သို့မဟုတ် ဖာဟွန်ယိုထင်လမ်းမကြီး) သည် မယ်ဆိုင်မြစ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံရှိ တာချီလိတ်မြို့အထိ ရောက်ရှိသည်။ မယ်ဆိုင်မြို့နှင့် တာချီလိတ်မြို့တို့သည် ထိုင်းနှင့်မြန်မာနိုင်ငံတို့အကြား နယ်နိမိတ်ချင်းထိစပ်နေသော မြို့ပြဧရိယာတစ်ခု ဖြစ်သည်။ မယ်ဆိုင်မြို့သည် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းအတွက် အရေးပါသော ဗဟိုချက်တစ်ခုလည်း ဖြစ်သည်။
Remove ads
သမိုင်း
မယ်ဆိုင်မြို့ မြူနီစီပယ်အုပ်ချုပ်မှုဧရိယာသည် မယ်ဆိုင်တာဘုန် (ตำบลแม่สาย) နှင့် ဝိန်းဖန်ခမ်းတမ်ဘွန်(ตำบลเวียงพางคำ) ဟူသော တမ်ဘွန် ခေါ် ကျွေးရွာအုပ်စု(ตำบล) နှစ်ခုမှ မူးဘန် ခေါ် ကျေးရွာ (၉) ရွာကို အကျုံးဝင်သည်။
မယ်ဆိုင်မြို့မြူနီစီပယ်အုပ်ချုပ်မှုဧရိယာအောက်ရှိ ကျေးရွာများ
မယ်ဆိုင်တမ်ဘွန် (ตำบลแม่สาย)
- အမှတ် (၂) ရွာ၊ ဘန်မှိုင်းဒန် (บ้านเหมืองแดง)
- အမှတ် (၆) ရွာ၊ ဘန်ပိုင်ယန်းချုမ် (บ้านป่ายางชุม)
- အမှတ် (၇) ရွာ၊ ဘန်ကောဆိုင် (บ้านเกาะทราย)
- အမှတ် (၈) ရွာ၊ ဘန်ပိုင်ယန်း (บ้านป่ายาง)
- အမှတ် (၁၀) ရွာ၊ ဘန်မိုင်လုံခွန် (บ้านไม้ลุงขน)
ဝိန်းဖန်ခမ်းတမ်ဘွန် (ตำบลเวียงพางคำ)
- အမှတ် (၁) ရွာ၊ ဘန်မယ်ဆိုင် (บ้านแม่สาย)
- အမှတ် (၂) ရွာ၊ ဘန်ဒေါင်ငမ်း (บ้านดอยงาม)
- အမှတ် (၃) ရွာ၊ ဘန်ဝိန်းဖန် (บ้านเวียงพาน)
- အမှတ် (၁၀) ရွာ၊ ဘန်ပိုင်ယန်းဖာတက် (บ้านป่ายางผาแตก)
မြို့ပေါ် ရပ်ကွက်များ
မယ်ဆိုင်မြို့မြူနီစီပယ်အုပ်ချုပ်မှုဧရိယာအတွင်းရှိ ရပ်ကွက် (၁၀) ခုမှာ အောက်ပါအတိုင်း ဖြစ်သည်-
- ချုမ်ချွန်မယ်ဆိုင် (ชุมชนแม่สาย)
- ချုမ်ချွန်ဒေါင်ဝေါ (ชุมชนดอยเวา)
- ချုမ်ချွန်ဒေါင်ငမ်း (ชุมชนดอยงาม)
- ချုမ်ချွန်ဝိန်းဖန် (ชุมชนเวียงพาน)
- ချုမ်ချွန်ပိုင်ယန်းဖာတက် (ชุมชนป่ายางผาแตก)
- ချုမ်ချွန်မှိုင်းဒန် (ชุมชนเหมืองแดง)
- ချုမ်ချွန်ပိုင်ယန်းချုမ် (ชุมชนป่ายางชุม)
- ချုမ်ချွန်ကောဆိုင် (ชุมชนเกาะทราย)
- ချုမ်ချွန်ပိုင်ယန်း (ชุมชนป่ายาง)
- ချုမ်ချွန်မိုင်လုံခွန် (ชุมชนไม้ลุงขน)
Remove ads
ပထဝီဝင်
အိမ်နီးချင်း ခရိုင်များမှာ (မြောက်ဘက်မှ လက်ယာရစ်)- မယ်ဆိုင်မြစ်နှင့် မြန်မာနယ်စပ်၊ မယ်ဆိုင် မိတ်ထရပ်ခရိုင် စည်ပင်သာယာရေး၊ Wiang Phang Kham ခရိုင် စည်ပင်သာယာရေး၊
Tham Luang Nang Non ဂူသည် မယ်ဆိုင်ကျေးရွာအုပ်စုအတွင်း ရှိသည်။
ဖတ်ရှုပါ
- တမ်ဘွန်မယ်ဆိုင်
- ချင်းရိုင်ခရိုင်
- ကော့မြစ်
- မယ်ဆိုင်မြစ်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads