မသူတော်ခုနစ်ပါး
From Wikipedia, the free encyclopedia
Remove ads
ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ခုနစ်ပါး ဟူသည့် စကားပုံမှ လာသည်။ မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာ ဖြစ်သည်ဟု ဆိုလိုသည်။
ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန် သတ္တဝါများကား ခုနစ်ပါးရှိသည်။ ထိုခုနစ်ပါးမှာ -
- တောက်တဲ့။
- ဇီးကွက်။
- ရွှေပြည်စိုး။
- ယောက်ဖခွေးခေါ်ငှက်။
- တစ်တီတူး (တီတီတွတ်)။
- ဥဩငှက်။
- ဘုတ်ငှက်။
စသည်တို့ဖြစ်သည်။ တိရစ္ဆာန် သတ္တဝါမှတစ်ပါး လူတို့သည် မိမိတို့၏ အမည်ဂုဏ်ပုဒ် ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့သည် လူတို့၏ကျင့်ဝတ် တွင် အကျုံးမဝင်၊ လူကောင်းတို့ အပြုအမှုမဟုတ်။ တိရစ္ဆာန်တို့၏အလုပ်၊ တိရစ္ဆာန်တို့၏ အမူ အကျင့်သာ ဖြစ်သည် စသည်ဖြင့် ရှုတ်ချ၍ဆိုသည်။ ထောင်လွှားတက်ကြွခြင်းမာနသဘောသို့ ရောက်သောကြောင့် သူတော်ကောင်းတို့ စက်ဆုပ်ကြသည်။ အမည်ကိုစွဲ၍ ခေါ်တွင်ခြင်းဖြစ်သော်လည်း တင်စား၍ဆိုသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads