ရွှေပြည်စိုး
From Wikipedia, the free encyclopedia
Remove ads
ရွှေပြည်စိုးငှက် (Aegithina tiphia) သည် အမည်လှသလောက် အသံသာသော ရွှေပြည်စိုးငှက်ကို အတွေ့အမြင်ရ နည်းသော်လည်း စာဆိုတို့ဖွဲ့နွဲ့ ဖော်ပြဖန်များသဖြင့် လူသိများလျက်ရှိသည်။ ပါဏဗေဒ အမည်အားဖြင့် ရွှေပြည်စိုးငှက်ကို အီဂျီသီးနားတိုင်ဖီယား ဟုခေါ်၍ အီဂျီ သီနီဒီး မျိုးရင်းတွင် ပါဝင်သည်။ အိန္ဒိယတိုက်ငယ်၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများတွင် တွေ့ရလေ့ရှိသည်။
ရွှေပြည်စိုးငှက်သည် ငှက်အငယ်စားဖြစ်၍ အလျား ငါးလက်မခွဲခန့်သာ ရှိသည်။ မိတ်လိုက်ချိန်၌ ငှက်ဖို၏ ကိုယ်အထက်ပိုင်းသည် ချောမွတ်မည်းနက်လျက်ရှိသည်။ အချို့ငှက်များသည် တင်ပါးမှလွဲ၍ တစ်ကိုယ်လုံး ချောမွတ် မည်းနက်နေ၍ အချို့တွင်မူ အတောင်၊ အမြီးနှင့် အမောက်၊ လည်ပင်းနှင့် ကျောရိုးပိုင်းရှိ အမွှေးအတောင် အနည်းငယ်လောက်သာ မည်းနက်နေတတ်သည်။ ရွှေပြည်စိုး၏ အစာသည် ပိုးမွှားများပင် ဖြစ်သည်။
ရွှေပြည်စိုးငှက်၏အော်မြည်သံမှာ အမျိုးမျိုးဖြစ်၍ သာယာလှပေသည်။ ကြားရသူတို့အား ကြည်နူးစေသည်။ ဧပြီလမှ ဇွန်လအတွင်းကာလ၌ ရွှေပြည်စိုးငှက်ငယ်များ ပေါက်ဖွားသည်။ သားငယ်များပေါက်သည့် အချိန်၌ ရွှေပြည်စိုးငှက်သည် ကောင်းကင်ထက်သို့ တင့်တယ်စွာ ပျံတက်၍ အတောင်များကို ဖြန့်ကာ အသံရှည်ဆွဲ၍ ဆင်းသက်လာတတ်သည်။ နားသည့်နေရာသို့ ရောက်သောအခါ ဥဒေါင်းငှက်ကဲ့သို့ တောင်ပံချ၍ အမြီးဖြန့်ကာ သာယာစွာ တွန်ကျူးလေသည်။ ရွှေပြည်စိုးငှက် တစ်မြုံလျှင် နှစ်ဥမှ လေးဥအထိ ရှိသည်။ ဥသည် ကြက်ဥပုံသဏ္ဌာန်ဖြစ်၍ ချောမွတ်သော ဥခွံအဖြူတွင် အနီမှတ်ကလေးများ၊ အကြောင်းအစင်းများကို တွေ့ရသည်။ ဥ၏အရွယ်မှာ ပျမ်းမျှအလျား ဝ.၆၉ လက်မနှင့် ဗြက် ဝ.၅၅ လက်မ ရှိသည်။
ရွှေပြည်စိုးငှက်ကို ဥယျာဉ်ပန်းခြံများရှိ ပန်းရုံပန်းချုံများ၌ တွေ့ရတတ်သည်။ များသောအားဖြင့် သစ်ပင်ထိပ်ဖျား၌ အသိုက်လုပ်နေတတ်သည်။ ရွာစွန်ရွာနား၊ တောစပ်ချုံပုတ်၊ လယ်ကွင်း စသည့်နေရာများသို့လည်း ရောက်ပေါက်လာတတ်သည်။ ယင်းတို့၏ အသိုက်များကို ချုံများ သစ်ပင်များမှ အလျားလိုက်၊ သို့မဟုတ် ဒေါင်လိုက် ဖြာထွက်နေသော အကိုင်းအခက်များတွင် မြက်ဖြင့် အလွန်သပ်ယပ်စွာ ဆောက်လုပ်ထားသည်။ အသိုက်အပြင်ဘက်မှလည်း ပင့်ကူမြှေးတို့ဖြင့် ရစ်ပတ်ထားလေသည်။
ရွှေပြည်စိုးငှက်များ နှစ်ကောင်ထက်ပို၍ စုရုံးနေသည်ကို မတွေ့ရချေ။ တစ်ကောင်ချင်းသော်လည်းကောင်း၊ စုံတွဲသော်လည်းကောင်း တစ်ပင်မှ တစ်ပင်၊ တစ်ချုံမှတစ်ချုံ ခုန်ပေါက်ပျံသန်း၍ ပုန်းလျှိုးနေထိုင်တတ်သည်။ အသံကြားမှသာ ယင်းတို့ရှိကြောင်း သိရသည်။ ရွှေပြည်စိုးငှက်များကို အရှေ့ဘက်နိုင်ငံများတွင် အနှံ့ အပြား တွေ့ကြရသည်။ မြန်မာနိုင်ငံ၌လည်း မြစ်ကြီးနားမြို့မှ တောင်ဘက် မြေပြင်ဒေသအတွင်း အနှံ့အပြား ရှိသည်။ အထူးသဖြင့် အပူပိုင်းဒေသ၌ ပိုမိုတွေ့ရသည်။ မြောက်ဘက် တောင်ကုန်းဒေသ၌မူ မရှိချေ။[၂]
Remove ads
ဆိုရိုး
ရွှေပြည်စိုး သည် ရှေးဆိုရိုးဖြစ်သော မသူတော်ခုနစ်ပါး ဟုခေါ်သည့် တိရစ္ဆာန် ခုနစ်မျိုးတွင် အပါအဝင်ဖြစ်သည်။
ပြခန်း
- A. t. multicolor- Male calling in Hyderabad, India.
- A. t. multicolor- Male in Hyderabad, India.
- A. t. multicolor- Male in Hyderabad, India.
- A. t. multicolor- Female in Hyderabad, India.
- A. t. multicolor- Female in Hyderabad, India.
- A. t. multicolor- Female in Narsapur, Medak district, India.
- A. t. multicolor- Male in Hyderabad, India.
- A. t. multicolor- Female in Narsapur, Medak district, India.
- A. t. multicolor- Male calling in Shamirpet, Rangareddy district, Andhra Pradesh, India.
- Adult breeding male - Singapore
- Adult breeding male - Singapore
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads