မဟာရာဟုလောဝါဒသုတ်
From Wikipedia, the free encyclopedia
Remove ads
ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဘုရားရှင် သာဝတ္ထိမြို့သို့ ဆွမ်းခံဝင်ရာ နောက်မှလိုက်ပါလာသော ရာဟုလာ၏သန္တာန်၌ဖြစ်ပေါ်နေသော “ဂေဟဿိတဆန္ဒရာဂ”ကို ပယ်ဖျောက်ရန်အတွက် ခန္ဓာငါးပါးကို “ငါဟာ မဟုတ်= နေတံမမ”၊ “ငါ မဟုတ်= နေသော ဟမသ္မိ”၊ ငါ၏ အတ္တမဟုတ်= န မေသော အတ္တာ”ဟု မိန့်ကြားတော်မူသဖြင့် သစ်ပင်ရင်း၌ ထိုင်၍ရှုမှတ်နေသော ရာဟုလာကို အရှင်သာရိပုတ္တရာတွေ့မြင်သဖြင့် “အာနာပါနဿတိကမ္မဋ္ဌာန်းကို ရှုမှတ်လေ”ဟု မိန့်ကြားတော်မူပါသည်။
ညနေချမ်းအခါ၌ ရာဟုလာ၏မေးလျှောက်ချက်အရ ပထဝီဓာတ် ၁၉၊ အာပေါ ဓာတ် ၁၂၊ တေဇောဓာတ် ၂၊ ဝါယောဓာတ် ၆၊ အာကာသဓာတ် ၅၊ အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်တို့၌ ခန္ဓာငါးပါးရှုနည်းအတိုင်း ရှုမှတ်ပုံနှင့် အကျိုးကျေးဇူး၊ ပထဝီသမ၊ အာပေါသမ၊ တေဇောသမ၊ ဝါယောသမ၊ အာကာသသမ၊ ဘာဝနာပွားများပုံနှင့် အကျိုးကျေးဇူး ဗြဟ္မဝိဟာရတရားလေးပါး ပွားများပုံနှင့် အကျိုးကျေးဇူး အာနာပါနဿတိ ပွားများပုံနှင့် အကျိုးကျေးဇူးတို့ကို အကျယ်အားဖြင့် ဟောကြားတော်မူပါသည်။
Remove ads
ဝိပဿနာရှုရမည့် (၁၁)မျိုးသော အခြင်းအရာ ခန္ဓာငါးပါး
ရာဟုလာ ...အတိတ် အနာဂတ် ပစ္စုပ္ပန် ဖြစ်သော အဇ္ဈတ္တသန္တာန် ဗဟိဒ္ဓသန္တာန်၌လည်းဖြစ်သော ကြမ်းတမ်းသည့် = ဩဠာရိက, သိမ်မွေ့သည့် = သုခုမလည်းဖြစ်သော ယုတ်ညံ့သည့် = ဟီန, မွန်မြတ်သည့် = ပဏီတလည်းဖြစ်သော ဝေးသည့် = ဒူရ, နီးသည့် = သန္တိကလည်းဖြစ်သော ရုပ်အားလုံးကို ---နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ= ဤရုပ်သည် ငါ့ဟာ မဟုတ်၊ ဤရုပ်သည် ငါ မဟုတ်၊ ဤရုပ်သည် ငါ၏အတ္တ မဟုတ်--- ဟူ၍ (= အနိစ္စဟု ဒုက္ခဟု အနတ္တဟု) --- ဤသို့ ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ဝိပဿနာပညာ (မဂ်ပညာ)ဖြင့် ရှုပါ။ [၃]
ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ် ဟူသည့် နာမ်ခန္ဓာလေးပါးတို့ကိုလည်း ပုံစံတူပင် ဝိပဿနာရှုရန် ညွှန်ကြားတော်မူလေသည်။ (မ၊၂၊၈၄။)[၄]
Remove ads
အတ္တပစ္စက္ခဉာဏ်ဖြင့် ရှေးဦးစွာ ဝိပဿနာရှုရန်
ဤ၌လည်း သမ္မပ္ပညာယ - အရ ဝိပဿနာသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်, အရိယမဂ္ဂသမ္မာဒိဋ္ဌိတည်း ဟူသော အတ္တပစ္စက္ခဉာဏ်ကိုပင် အရကောက်ယူပါ။ ဤ မဟာရာဟုလောဝါဒသုတ်ကို ဟောကြားနေတော်မူသော အချိန်ဝယ် အရှင်ရာဟုလာသည် (၁၈) နှစ်သားအရွယ် ပုထုဇန်ဘဝ၌သာ တည်ရှိနေသေးသဖြင့် - အတိတ် အနာဂတ် ပစ္စုပ္ပန် စသည့် (၁၁)မျိုးသော အခြင်းအရာအားဖြင့် တည်နေသည့် ဥပါဒါနက္ခန္ဓာငါးပါးတို့ကို မဂ္ဂသမ္မာဒိဋ္ဌိ အမည်ရသည့် အတ္တပစ္စက္ခဉာဏ်သို့ ဆိုက်သည်တိုင်အောင် ဝိပဿနာသမ္မာဒိဋ္ဌိ တည်းဟူသော အတ္တပစ္စက္ခဉာဏ်ဖြင့် ရှေးဦးစွာ ဝိပဿနာရှုရန် ညွှန်ကြားနေတော်မူသည်ဟု မှတ်သားပါ။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads