မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး
From Wikipedia, the free encyclopedia
Remove ads
မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး သည် မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓသာသနာ ကျောင်းတစ်ကျာင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင် တည်ရှိသည်။ ကျောင်းတော်ကြီးကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပီနန်ဆရာတော် အရှင်ပညာဝံသ က ဦးဆောင်ဦးရွက်ပြုကာ စတင်ခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရမှ ကမကထပြုကာ ထောက်ပံ့ပေးခဲ့သည်။[၁]
Remove ads
ပိုင်ဆိုင်မှု အငြင်းပွားခြင်း
၂၀၀၂ ခုနှစ် နှင့် ၂၀၀၄ ခုနှစ် ကြားကာလတွင် အစိုးရ ဦးခင်ညွန့်၏ လမ်းညွှန်မှုဖြင့် ကျောင်းတော်ကြီးကို သိမ်းယူခဲ့သည်။[၂] ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ပေးခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သည် မြန်မာနိုင်ငံရှိ သံဃာတော်များကို အုပ်ချုပ်ရသည်။[၃] ၂၀၁၄ ခုနှစ်တွင် အရှင်ပညာဝံသက ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုများအပေါ် ပြန်လည်ဖြေရှင်းပေးပါရန် သမ္မတ ဦးသိန်းစိန်ထံ စာရေးခဲ့သည်။[၃]
ကျောင်းတော်အား ဝင်ရောက်တိုက်ခိုက်ခြင်း
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ရဲ အယောက် ၃၀၀ နှင့် ရန်ကုန်တိုင်း မဟာသံဃာ့နာယကကော်မတီအဖွဲ့ဝင် ၂၈၀ တို့နှင့် သာသနာရေး ဝန်ကြီးဌာနတို့သည် ကျောင်းတော်အတွင်းသို့ ည ၁၁ နာရီတွင် ဝင်ရောက်ခဲ့သည်။ ဘုန်းတော်ကြီး ၂၀ ပါး နှင့် နေထိုင်သူ အယောက် ၃၂ ဦးတို့ကို ကျောင်းတော်မှ နှင်ထုတ်ခဲ့သည်။[၃] ဝင်ရောက်တိုက်ခိုက်မှုသည် အများအပြား ပျက်စီးစေခဲ့သည်။ ကျောင်းတော်ကြီးအား တည်ထောင်သူဖြစ်သည့် အရှင်ပညာဝံသသည် ဂျပန်နိုင်ငံသို့ သာသနာပြုခရီးထွက်နေချိန်တွင် ဖြစ်ပွားခဲ့သည်။[၃] မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးတို့၏ ဆုံးဖြတ်ချက်အရ ကျောင်းတော်အတွင်းရှိ ရဟန်းသံဃာများကို မေလ ၁၈ ရက်နေ့တွင် ထွက်ခွာပေးရန် ညွှန်ကြားခဲ့သည်။[၃]
ဘုန်းတော်ကြီးများစွာတို့သည် ဝင်ရောက်မှုပြီးပြီးနောက်တွင် မထွက်ခွာဘဲ နေလေသည်။[၃] ဗုဒ္ဓဘာသာဘုန်းကြီး (၅) ပါးဖြစ်သည့် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးစန္ဒရ၊ ဦးနန္ဒိယနှင့် ဦးတေဇိန္ဒတို့ကိုလူဝတ်လဲစေကာ ဖမ်းဆီးခဲ့သည်။ ဗုဒ္ဓ၏ သားတော်များလိုက်နာရမည့် စည်းမျဉ်းများကို ပယ်ရှားမလိုက်နာမှု နှင့် သံဃာ့အဖွဲ့အစည်းနှင့် ပတ်သက်သော ၁၉၉၀ ခုနှစ် ဥပဒေ ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ (က) အရ အပြစ်ပေးခဲ့သည်။[၄][၅] ဖမ်းဆီးခြင်းခံရသည့် သံဃာတစ်ပါးဖြစ်သည့် ဦးဥတ္တရသည် အင်္ဂလန်နိုင်ငံသား တစ်ဦး ဖြစ်သည်။[၆]
၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှု နှင့် သမ္မတ၏ အမိန့်ကို မလေးမစား ပြုမှုတို့ဖြင့် ရာထူးမှ ဖြုတ်ချခဲ့သည်။[၇]
အငြင်းပွားမှုသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃−၁၄ ရက်တွင် ပြီးဆုံးခဲ့သည်။ ခရိုင်တရားရုံးက စွပ်စွဲချက်တို့သည် တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။[၈][၉][၁၀]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads