မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး

From Wikipedia, the free encyclopedia

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးmap
Remove ads

မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး သည် မြန်မာနိုင်ငံရှိ ထေရဝါဒ ဗုဒ္ဓသာသနာ ကျောင်းတစ်ကျာင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင် တည်ရှိသည်။ ကျောင်းတော်ကြီးကို ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ ပီနန်ဆရာတော် အရှင်ပညာဝံသ က ဦးဆောင်ဦးရွက်ပြုကာ စတင်ခဲ့သည်။ မြန်မာနိုင်ငံတော် အစိုးရမှ ကမကထပြုကာ ထောက်ပံ့ပေးခဲ့သည်။[]

အချက်တိုများ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး, အချက်အလက်များ ...
Remove ads

ပိုင်ဆိုင်မှု အငြင်းပွားခြင်း

၂၀၀၂ ခုနှစ် နှင့် ၂၀၀၄ ခုနှစ် ကြားကာလတွင် အစိုးရ ဦးခင်ညွန့်၏ လမ်းညွှန်မှုဖြင့် ကျောင်းတော်ကြီးကို သိမ်းယူခဲ့သည်။[] ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ ပေးခဲ့သည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သည် မြန်မာနိုင်ငံရှိ သံဃာတော်များကို အုပ်ချုပ်ရသည်။[] ၂၀၁၄ ခုနှစ်တွင် အရှင်ပညာဝံသက ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုများအပေါ် ပြန်လည်ဖြေရှင်းပေးပါရန် သမ္မတ ဦးသိန်းစိန်ထံ စာရေးခဲ့သည်။[]

ကျောင်းတော်အား ဝင်ရောက်တိုက်ခိုက်ခြင်း

၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ရဲ အယောက် ၃၀၀ နှင့် ရန်ကုန်တိုင်း မဟာသံဃာ့နာယကကော်မတီအဖွဲ့ဝင် ၂၈၀ တို့နှင့် သာသနာရေး ဝန်ကြီးဌာနတို့သည် ကျောင်းတော်အတွင်းသို့ ည ၁၁ နာရီတွင် ဝင်ရောက်ခဲ့သည်။ ဘုန်းတော်ကြီး ၂၀ ပါး နှင့် နေထိုင်သူ အယောက် ၃၂ ဦးတို့ကို ကျောင်းတော်မှ နှင်ထုတ်ခဲ့သည်။[] ဝင်ရောက်တိုက်ခိုက်မှုသည် အများအပြား ပျက်စီးစေခဲ့သည်။ ကျောင်းတော်ကြီးအား တည်ထောင်သူဖြစ်သည့် အရှင်ပညာဝံသသည် ဂျပန်နိုင်ငံသို့ သာသနာပြုခရီးထွက်နေချိန်တွင် ဖြစ်ပွားခဲ့သည်။[] မတ်လ ၆ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးတို့၏ ဆုံးဖြတ်ချက်အရ ကျောင်းတော်အတွင်းရှိ ရဟန်းသံဃာများကို မေလ ၁၈ ရက်နေ့တွင် ထွက်ခွာပေးရန် ညွှန်ကြားခဲ့သည်။[]

ဘုန်းတော်ကြီးများစွာတို့သည် ဝင်ရောက်မှုပြီးပြီးနောက်တွင် မထွက်ခွာဘဲ နေလေသည်။[] ဗုဒ္ဓဘာသာဘုန်းကြီး (၅) ပါးဖြစ်သည့် ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးစန္ဒရ၊ ဦးနန္ဒိယနှင့် ဦးတေဇိန္ဒတို့ကိုလူဝတ်လဲစေကာ ဖမ်းဆီးခဲ့သည်။ ဗုဒ္ဓ၏ သားတော်များလိုက်နာရမည့် စည်းမျဉ်းများကို ပယ်ရှားမလိုက်နာမှု နှင့် သံဃာ့အဖွဲ့အစည်းနှင့် ပတ်သက်သော ၁၉၉၀ ခုနှစ် ဥပဒေ ပြစ်မှုဆိုင်ရာ ဥပဒေ ၂၉၅ (က) အရ အပြစ်ပေးခဲ့သည်။[][] ဖမ်းဆီးခြင်းခံရသည့် သံဃာတစ်ပါးဖြစ်သည့် ဦးဥတ္တရသည် အင်္ဂလန်နိုင်ငံသား တစ်ဦး ဖြစ်သည်။[]

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှု နှင့် သမ္မတ၏ အမိန့်ကို မလေးမစား ပြုမှုတို့ဖြင့် ရာထူးမှ ဖြုတ်ချခဲ့သည်။[]

အငြင်းပွားမှုသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃−၁၄ ရက်တွင် ပြီးဆုံးခဲ့သည်။ ခရိုင်တရားရုံးက စွပ်စွဲချက်တို့သည် တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။[][][၁၀]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads