မဟာအောင်မြေမြို့နယ်

မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ မြို့နယ် From Wikipedia, the free encyclopedia

မဟာအောင်မြေမြို့နယ်
Remove ads

မဟာအောင်မြေမြို့နယ် သည် မန္တလေးမြို့လယ်၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး လူနေထူထပ်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မဟာအောင်မြေခရိုင်၏ ရုံးစိုက်ရာ မြို့နယ်လည်းဖြစ်သည်။ အနောက်ဘက်တွင် ဧရာဝတီမြစ်၊ တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြောက်ဘက်တွင် ချမ်းအေးသာဇံမြို့နယ် တို့က ဝန်းရံလျက်ရှိသည်။ မန္တလေးတက္ကသိုလ်သည် ဤမဟာအောင်မြေမြို့နယ်တွင် တည်ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၄၁,၁၁၃ ရှိသည်။[]

အချက်တိုများ မဟာအောင်မြေမြို့နယ်, Maha Aungmye Township ...
Remove ads

သမိုင်း​ကြောင်း

၁၉၆၂ခုနှစ် ​မေလ၉ရက်​နေ့မှစ၍ ဗဟို၊တိုင်း၊ခရိုင်၊မြို့နယ်နှင့် ရပ်ကွက် လုံခြုံ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ဤမြို့နယ်ကို အမှတ်(၃)နယ်​မြေအဖြစ် သတ်မှတ်ခဲ့သည်။၂၉.၆.၁၉၆၈တွင် မန္တ​လေးမြို့၏ ဖွဲ့စည်းပုံ​ပြောင်းလဲမှုအရ အ​ရှေ့​​တောင်မြို့နယ်အဖြစ် အမည်​ပြောင်းလဲခဲ့သည်။၁၉၉၂ခုနှစ် ဖွဲ့စည်းပုံ​ပြောင်းလဲမှုတွင် မဟာ​အောင်​မြေမြို့နယ်ဖြစ်လာခဲ့သည်။[]

ပထဝီဝင်အ​နေအထား

​​မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၇မိနစ်နှင့် ၂၁ဒီဂရီ ၅၈မိနစ် အကြား၊ အ​ရှေ့​လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၃မိနစ်နှင့် ၉၆ဒီဂရီ ၀၄မိနစ်အကြားတွင် တည်ရှိသည်။ အ​ရှေ့မှ အ​နောက်သို့ ၅.၄မိုင်၊ ​တောင်မှ​မြောက်သို့ ၁.၆မိုင်ရှိပြီး ၅.၇၂စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

မဟာ​အောင်​မြေမြို့နယ်၏ အ​ရှေ့ဘက်တွင် ပုသိမ်ကြီးမြို့နယ်၊​တောင်ဘက်တွင် ချမ်းမြသာစည်မြို့နယ်၊​အ​နောက်ဘက်တွင် ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်နှင့် ​မြောက်ဘက်တွင် ချမ်း​အေးသာစံမြို့နယ်တို့ တည်ရှိသည်။

​မြေမျက်နှာသွင်ပြင်

ပင်လယ်​ရေ​မြေနှာပြင်အထက် ပျမ်းမျှ၂၅၀ပေအထက်တွင်တည်ရှိကာ ​​မြေပြန့်လွင်ပြင်သည်။ မြို့နယ်၏ အ​နောက်ဘက်တွင် ဧရာဝတီမြစ်က ​မြောက်မှ ​တောင်သို့ စီးဆင်း​နေသည်။ မြို့နယ်အတွင်းတွင် မဟာနဒီ​ချောင်း၊​ရေနီ​မြောင်း၊ရွှေတ​ချောင်း၊​ငွေတ​ချောင်း၊သင်္ဂဇာချောင်းတို့မှ ​မြောက်မှ​တောင်သို့ စီးဆင်း​နေကာ ကိုလံဘို​ချောင်းမှာ အ​ရှေ့မှ အ​နောက်သို့ စီးဆင်း​နေသည်။

Remove ads

လူဦး​ရေ

မဟာအောင်မြေမြို့နယ်တွင်​နေထိုင်ကြ​သော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံး​နေထိုင်ကြသည်။ ထို့​နောက် ရှမ်း၊ကချင်၊ရခိုင်၊ကရင်၊ချင်း၊မွန်၊ကယား လူမျိုးများ အစဉ်လိုက်များပြားစွာ​နေကြသည်။ ကိုးကွယ်မှုအ​နေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ဟိန္ဒူ၊ခရစ်ယာန် ကိုးကွယ်သူဦး​ရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦး​ရေ၏ ၀.၀၉၉%မှာ အခြား​သော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။

နောက်ထပ် အချက်အလက်များ ခုနှစ်, လူဦးရေ ...

စီးပွား​ရေး

မန္တ​လေးမြို့သည် စီးပွား​ရေးအချက်အချာကျ​သော ​နေရာဖြစ်သည့် အား​လျော်စွာ မြို့နယ်များသည်လည်း စီးပွား​ရေးဖွံ့ဖြိုးသည်။​ထို့အပြင် မဟာ​အောင်​မြေမြို့နယ်မှာ မန္တ​လေးမြို့၏ မြို့လယ်​ခေါင်ကျ​သောမြို့နယ်ဖြစ်ကာ မြို့နယ်အတွင်း​နေထိုင်သူများသည် အများအားဖြင့် ပြည်သူ့ဝန်​ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ရွှေဆိုင်းလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းမှာ မြို့နယ်၏ ထင်ရှားလှ​သော လုပ်ငန်းများဖြစ်သည်။ နိုင်ငံ​တော်ပိုင် ရတနာပုံသင်္ဘောကျင်းနှင့် ဖ​ယောင်းတိုင်စက်ရုံတို့ တည်ရှိသည်။[]

​ဈေးများ

  • မန်းမြို့​ဈေး
  • ဘုရားကြီး​ဈေး
  • မန်းရတနာ​ဈေး
  • စိန်ပန်း​ဈေး
  • မဟာမြိုင်​ဈေး
  • ​ညောင်ပင်​လေး​ဈေး
  • ၄၁လမ်း ကုန်စိမ်းည​ဈေး
  • ၄၂လမ်း ကုန်း​ကျော်​ဈေး
Remove ads

ပို့​ဆောင်ဆက်သွယ်​ရေး

မဟာ​အောင်​မြေမြို့နယ်၏ အ​နောက်ဘက်အဆုံးတွင် သမိုင်းဝင်​ဂေါဝိန်ဆိပ်ကမ်းတည်ရှိသည်။ ထို​နေရာမှ ဗန်း​​​မော်၊ကသာ၊​ညောင်ဦးနှင့် ပြည်မြို့များသို့ ​ရေ​ကြောင်းခရီးများရှိသည်။ ပြည်ကြီးမြတ်ရှင်ကားကြီးကွင်မှ​နေ၍ မန္တ​လေးမြို့မှ ရှမ်းပြည်နယ်​မြောက်ပိုင်းမြို့များဖြစ်သည့် သီ​ပေါ၊​ကျောက်မဲ၊လားရှိုး၊မူဆယ် စသည်တို့သို့ သွားနိုင်သည်။

ပညာ​ရေး

အဆင့်မြင့်ပညာ

အထက်မြန်မာပြည်၏ အကြီးဆုံးဖြစ်​သော မန္တ​လေးတက္ကသိုလ် တည်ရှိသည်။

အ​ခြေခံပညာ

အထက

အထက်တန်း​ကျောင်း ၃​ကျောင်းရှိသည်။

  • အထက ၃
  • အထက ၁၃
  • အထက ၂၄

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ၂
  • အလက (ထ(ခွဲ)) ၈
  • အလက (ထ(ခွဲ)) ၁၂
  • အလက ၂၈

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၃၇​ကျောင်းရှိသည်။

ကျန်းမာ​ရေး

​ဆေးရုံများ

  • တက္ကသိုလ်​ဆေးရုံ

ထင်ရှား​သောနေရာများ

ဘာသာ​ရေး

  • ​ပေါ်​တော်မူဘုရား (၅)ဆူ
  • မဟာမြိုင်​ကျောင်းတိုက်
  • မြ​တောင်​ကျောင်းတိုက်
  • ဒဟတ္တော​ကျောင်းတိုက်
  • မဟာဝိသုဒ္ဓါရုံ​ကျောင်းတိုက်
  • မစိုးရိမ်​ကျောင်းတိုက်
  • ဗန်း​မော်​ကျောင်းတိုက်
  • မစိုးရိမ်တိုက်သစ်
  • ဒုတိယရွှေအင်ပင်​ကျောင်း
  • ကင်းဝန်မင်းကြီး​ကျောင်းတိုက်
  • ခရစ်ယာန်​ဘုရားကျောင်း (မဟာမြိုင်၂)

ပညာ​ရေး

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads