မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဩစတေးလျနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်းစနစ် From Wikipedia, the free encyclopedia

မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး
Remove ads

မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef) သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန္တာကျောက်တန်းကြီးဖြစ်သည်။[][] သန္တာကျောက်တန်းပေါင်း ၂၉၀၀ ကျော်နှင့် မိုင်ပေါင်း ၁၆၀၀ (ကီလိုမီတာ ၁၆၀၀) မျှ ရှည်လျားသော ဒေသတွင် ဖြန့်ကျက်တည်ရှိနေသော သန္တာကျွန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြီး ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃၃,၀၀၀ မိုင် (၃၄၄,၀၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းသည်။[][] သန္တာကျောက်တန်းကြီးသည် ဩစတေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၏ ကမ်းလွန် သန္တာပင်လယ်တွင် တည်ရှိသည်။

အချက်တိုများ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ, တည်နေရာ ...

မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီးကို အာကာသမှပင် တွေ့မြင်နိုင်ပြီး ကမ္ဘာပေါ်တွင် သက်ရှိတို့ ဆောက်လုပ်သော အကြီးဆုံးသော တည်ဆောက်မှု ဖြစ်သည်။[] ထိုသန္တာကျောက်တန်းကြီးကို ဘီလီယံပေါင်း မြောက်မြားစွာသော ကိုရယ်လ် ပေါ်လစ်ပ် (coral polyps) ခေါ် သန္တာကောင် ကလေးများက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[] ထိုနေရာတွင် သက်ရှိပေါင်း မြောက်မြားစွာတို့ နေထိုင်ရန် အထောက်အကူဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ရွေးချယ်ခဲ့သည်။[][] စီအင်န်အင်န် သတင်းဌာနမှ ထိုနေရာကို ကမ္ဘာ့ သဘာဝ အံ့ဖွယ် ခုနစ်ပါး စာရင်းတွင် ထည့်သွင်းခဲ့သည်။ ကွင်းစလန်း အမျိုးသား ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ကွင်းစလန်းပြည်နယ်၏ သင်္ကေတအဖြစ် သတ်မှတ်ခဲ့သည်။

Remove ads

ဓာတ်ပုံများ

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads