သန္တာပင်လယ်
From Wikipedia, the free encyclopedia
Remove ads
သန္တာပင်လယ် (ကိုရယ်လ်ပင်လယ်) သည် ဩစတြေးလျတိုက်၏ အရှေ့မြောက်ကမ်းခြေဘက်ရှိ တောင်ပစိဖိတ်သမုဒ္ဒရာ၏ အနားသတ်ပင်လယ် ဖြစ်သည်။ သန္တာပင်လယ်၏ အနောက်ဘက်တွင် ကွင်းစလန်ပြည်နယ်၏ အရှေ့ကမ်းရိုးတန်း၊ အရှေ့ဘက်တွင် ဗနွားတူနိုင်ငံနှင့် နယူးကယ်လီဒိုးနီးယား၊ အရှေ့မြောက်ဘက်တွင် ဆော်လမွန်အိုင်းလန်းနိုင်ငံ၏ တောင်ဘက်ဖျားစွန်းဒေသတို့က အသီးသီး ဝန်းရံလျက်ရှိသည်။ အနောက်မြောက်ဘက်တွင် နယူးဂီနီကျွန်း (ပါပူအာကျွန်း) တောင်ကမ်းရိုးတန်းအထိကျယ်ပြန့်သည်။ တောင်ဘက်တွင် တက်စ်မန်ပင်လယ်၊ မြောက်ဘက်တွင် ဆော်လမွန်ပင်လယ်၊ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာတို့နှင့် ပေါင်းဆုံသည်။ အနောက်မြောက်ဘက်တွင် တောရက်စ်ရေလက်ကြားမှတဆင့် အာရာဖူရာပင်လယ်တို့ဖြင့် ထိစပ်နေသည်။
ပင်လယ်သည် နွေးထွေးပြီး တည်ငြိမ်သည့် ရာသီဥတုရှိသည်။ မကြာခဏ မိုးရွာသွန်းကာ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းများ တိုက်ခတ်တတ်သည်။ ပင်လယ်တွင်း၌ ကျွန်းများနှင့် သန္တာကျောက်တန်းများ များစွာတည်ရှိသည်။ ၁၉၈၁ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သော ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းဖြစ်သည့် မဟာ ဘယ်ရီယာ သန္တာကျောက်တန်းကြီး (Great Barrier Reef; အတိုကောက် GBR)သည် ဤပင်လယ်တွင်းတွင် တည်ရှိသည်။ GBR တွင် ရေနံရှာဖွေထုတ်လုပ်မှုများကို ၁၉၇၅ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ကာ ငါးမဖမ်းရန် ကန့်သတ်နေရာများစွာကိုလည်း သတ်မှတ်ထားသည်။
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads