မာဆူးပီးယယ်
From Wikipedia, the free encyclopedia
Remove ads
အချင်းမပါဘဲ သားဖွားသော နို့တိုက်သတ္တဝါ သားပိုက်ကောင်၊ ကွားလားကောင် တို့ကို မာဆူးပီးယယ် (အင်္ဂလိပ်: Marsupial) ဟု ခေါ်ကြသည်။ မွေးကာစ သားပေါက်ငယ်ကို မိခင်၏ ဝမ်းနှင့် တစ်ဆက်တည်းရှိသော အိတ်ငယ်အတွင်း နေထိုင်စေသည်။ မွေးကာစ သားပေါက်ငယ်သည် အမွေးမရှိ၊ ကိုယ်အင်္ဂါစုံ မဖွံ့ဖြိုးသေးဘဲ သားပိုက်အိတ်အတွင်းမှ မိခင်နို့ရည်ကို သုံးဆောင်ပြီး ဆက်လက်ကြီးထွားရသည်။ အချင်းမရှိသောကြောင့် မိခင်လောင်းသည် သန္ဓေသားကို မြန်ဆန်ပေါ့ပါးစွာမွေးဖွားနိုင်သည်။ မွေးဖွားပြီးသား ကလေးငယ်ကို သွားလေရာခေါ်ဆောင်နိုင်သောကြောင့် သဘာဝဘေးနှင့် အခြားသတ္တဝါများ၏ အန္တရာယ်မှာ ကောင်းစွာကာကွယ်ပေးနိုင်သည်။ သားပေါက်ငယ်သည်လည်း မိခင်ဝမ်းအိတ်ထဲမှ နေ၍ အပြင်လောကကို လေ့လာစူးစမ်းရင်း ဆက်လက်ဖွံ့ဖြိုးခွင့်ရသည်။
မာဆူးပီးယယ် (Marsupial) ဆိုသည်မှာ သားပိုက်အိတ်၏ သိပ္ပံအခေါ် (Marsupium) မှ ဆင်းသက်လာချင်း ဖြစ်သည်။ မြန်မာအခေါ်ဖြင့် သားပိုက်ကောင် ဟု အသိများသော ကန်ဂရူး (Kangaroo) များသည် အကောင် အကြီးဆုံး သားပိုက်ကောင်အမျိုးအစားဖြစ်ပြီး ဩစတြေးလျတိုက်တွင် နေထိုင်ကြသည်။ အခြား သားပိုက်ကောင် အမျိုးအစားများမှာ ကွားလားကောင် နှင့် မြန်မာအမည် မရှိသေးသော ဝါလာဘီ (wallabies) ၊ ပိုဆမ် (possums) ၊ အိုပိုဆမ် (opossums) ၊ ဝမ်ဘက် (wombats) နှင့် တက်စမေးနီးယမ်း နတ်ဆိုး (Tasmanian devils) ကောင်များ ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads