မိုင်းပန်မြို့
From Wikipedia, the free encyclopedia
Remove ads
မိုင်းပန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က လွိုင်လင်ခရိုင်၊ မိုင်းပန်နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရှမ်းပြည်အရှေ့တောင်ဘက်၊ အရှေ့လောင်ဂျီတွဒ် ၈၉.၅ ဒီဂရီ နှင့် မြောက်လတ္တီတွဒ် ၂ဝ.၅ ဒီဂရီ ပေါ်တွင် တည်ရှိသည်။ ပင်လယ်မျက်နှာပြင်အထက် ၂၂၂၁ ပေမြင့်၏။
Remove ads
သမိုင်းကြောင်း
မိုင်းပန်မြို့ကို ခရစ် ၁၆၃၇ ခုနှစ်တွင် အလောင်းမင်းတရားကြီး ယိုးဒယားသို့ စစ်ချီရာမှ မိုင်းပန်ဒေသကို မိုင်းပန်မြို့ဟု သတ်မှတ်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယခု မိုင်းပန်မြို့၏ အနောက်တောင်ထောင့်တွင် အင်းကြီးတစ်ခုရှိ၍ ထိုအင်း၏ အလယ်၌ မျောကျွန်း တစ်ကျွန်းရှိရာ ထိုကျွန်းကြီးသည် လည်နေသည်ကို အစွဲပြု၍ မြို့ကိုလည်း မိုင်းပန် (မိုင်း = မြို့ + ဖန် = လည်နေသည် = လည်သောမြို့) ဟု ခေါ်ဝေါ်ခဲ့ကြောင်း ဆိုကြလေသည်။[၂]
Remove ads
လူမှုပထဝီဝင်
မိုင်းပန်မြို့၏ အကျယ်အဝန်းမှာ အလျား ၁ မိုင်၊ အနံ ၂ ဖာလုံခန့် ရှိသည်။ လူဦးရေမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလအထိ ၇,၃၂၈ ယောက် ရှိ၏။[၁] လူဦးရေအများစုမှာ ရှမ်းလူမျိုးများဖြစ်ပြီးလျှင် မြန်မာ၊ တရုတ် နှင့် အိန္ဒိယလူမျိုး အနည်းငယ်သာရှိသည်။ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သူလည်း များလေသည်။ မြို့နေလူထု၏ အလုပ်အကိုင်များမှာ ကုန်သွယ်မှုနှင့် လယ်ယာ၊ ခြံလုပ်ငန်း များဖြစ်သည်။
စီးပွားရေး
မိုင်းပန်မြို့၏ ထွက်ကုန်များမှာ ဆန်စပါး၊ အင်တွဲ၊ ပွဲလျက်၊ ချိပ်၊ ထင်းရှူးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နှမ်း စသည်တို့ဖြစ်၏။
လမ်းပန်းဆက်သွယ်ရေး
မိုင်းပန်မြို့သည် လင်းခေး၊ မိုင်းတုံမြို့တို့နှင့် ကားလမ်း အဆက်အသွယ်များ ရှိသည်။ မိုင်းပန်မြို့၏ အရှေ့ဘက်တွင် မြစိမ်းတောင်ဟု ခေါ်ဆို သော တောင်တစ်လုံးရှိ၏။ ထိုတောင်ခြေတွင် အလောင်းဘုရား တည်ခဲ့သည်ဟုဆိုသော မြစိမ်းတောင် စေတီတစ်ဆူရှိလေသည်။[၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads