မိုးယွန်းကြီးအင်း ဘေးမဲ့တော

From Wikipedia, the free encyclopedia

Remove ads

မိုးယွန်းကြီးအင်း ဘေးမဲ့တော သည် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းတွင် တည်ရှိသည်။ မိုးယွန်းကြီးအင်းကို ၁၉၀၄ ခုနှစ်တွင် တူးဖော်ခဲ့သည်။ ပြန့်ပြူးသောမြေနေရာဖြစ်ပြီး မိုးရာသီတွင် ရေဝပ်ခါ နွေရာသီတွင်တော့ ရေခမ်းလေ့ရှိသည်။ မိုးယွန်းကြီးအင်းဘေးမဲ့တောကို ဒေသတွင်းငှက်များနှင့် ဆောင်းခိုငှက်များ၏ ကျတ်စားရာနေရာဒေသများကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့သည်။ မိုးယွန်းကြီးအင်း ဘေးမဲ့တောအား ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ငှက်မျိုးစိတ်များ ကျက်စားနေမူကြောင့် Ramsar Site အဖြစ် ၂၀၀၅ ခုနှစ်မှစ၍ သတ်မှတ်ထားသည်။

Remove ads

တည်နေရာ

မြောက်လတ္တီတွဒ်၁၇°၃၂'၊ အရှေ့လောင်ဂျီတွဒ် ၉၆°၃၆'၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း ပဲခူးတိုင်းဒေသကြီးတွင်တည်ရှိသည်။ ရန်ကုန်-မန္တလေးမော်တော်ကားလမ်းအတိုင်း ၆၉ မိုင်ခန့်အကွာ ပျဉ်ပုံကြီးရွာအလွန်မှ အရှေ့ဘက်သို့ ၆ ဖာလုံခန့် ဝင်ရောက်လျှင် အင်းသို့ ရောက်သည်။ ၁၈၇၃ ခုက ဘုံဘေဘားမားကုမ္ပဏီက စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့ကို ဆက်သွယ်ကာ ပဲခူးစစ်တောင်းတူးမြောင်း ဖောက်လုပ်စဉ် တူးမြောင်းနှင့် ဆက်နွယ်နေသည့် ရေလှောင်ကန်ကြီးကို တူးဖော်သည်။ စတုရန်းမိုင် ၄၀ (ဧရိယာ ၂၅၆၀၀ ဧက) ရှိပြီး ကာလကြာမြင့်သောအခါ သဘာဝအင်းကြီးအဖြစ် ပြောင်းလဲလာသည်။ []၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၀၃.၆ စတုရန်းကီလိုမီတာ (၄၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။

Remove ads

သဘာဝအရင်းအမြစ်များ

ရေတိမ်စားကျတ်များက ဌာနေနှင့် ဆောင်းခိုငှက်များ၏ဂေဟစနစ်တန်ဖိုးကို မြင့်မားလာစေသည်။ ဆေးဖတ်ဝင်အပင်(Emergent macrophytes)၊ Oxyza officinalis၊ Kaing grass အပါအဝင် သစ်ပင်အမျိုးပေါင်း (၂၀) ခန့်ရှိသည်။ ထို ရေတိမ်ဒေသအပင်များသည် ငှက်များအတွက် စားကျတ်များဖြစ်နေကြသည်။ စာရင်းဇယားများအရ ငှက်မျိုးစိတ် (၁၃၀)၊ တွားသွားသတ္တဝါ (၂၀)၊ ကုန်းနေရေနေ သတ္တဝါ (၉)မျိုး၊ ငါး (၄၅)မျိုးနှင့် အင်းဆတ်(၃၀) မျိုး ကျတ်စားနေထိုင်ကြသည်။

Remove ads

ခြိမ်းခြောက်နေသောအန္တရာယ်များ

တရားမဝင်ငါးဖမ်းခြင်း၊ လျှပ်စစ်ရှော့တိုက်ဖမ်းခြင်းတို့အပါအဝင် ငါးအလွန်အကျွံဖမ်းခြင်း နှင့်ကြုံတွေ့နေရသည်။ အလယ်အလတ်ရှိသည့် ခြိမ်းခြောက်မှုကတော့ ခြောက်သွေ့သောရာသီ၌ ဘေးမဲ့တော၏ ရွံနွံထူထပ်သော နေရာဒေသများတွင် ကျွဲများ အမြောက်အမြား ကျောင်းခြင်းဖြစ်သည်။ နောက်ထပ်တစ်ခုအနေဖြင့် မြို့ပြဧရိယာနှင့် စပါးစိုက်ကွက်များတိုးချဲ့လာခြင်း ဖြစ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ရန်ကုန်တက္ကသိုလ်(သတ္တဗေဒဌာန)၊ သစ်တောဦးစီးဌာန၊ ကယ်လီဖိုးနီယားတက္ကသိုလ် သိပ္ပံအကယ်ဒမီနှင့် Wild Bird Society of Myanmar တို့သည် လေ့လာမှုများ ပြုလုပ်နေကြသည်။ ၂၂ ဧပြီ ၁၉၈၈ တွင် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက မိုးယွန်းကြီးအင်းဘေးမဲ့တောအဖြစ် သတ်မှတ်ကာ ဝန်ထမ်း ၂၂ ဦးဖြင့် ပြုစု ပျိုးထောင်သည်။ ယခုသော် ငှက်မျိုးစုံ၊ ငါးမျိုးစိတ် မျိုးစုံအပြင် မြွေ၊ လိပ်၊ ဖာ စသည့် သတ္တဝါမျိုးစုံတို့ ရှိသည်။ အင်းလယ်၌ ငှက်ကြည့်စင်များကိုလည်း ထားရှိသည်။[]

Remove ads

ခရီးသွားလာရေးလုပ်ငန်းများ

၂၀၀၉ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ၂,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့သည်။ ငှက်ချစ်သူများနှင့် သဘာဝပတ်ဝန်းကျင် မြတ်နိုးသူများ လည်ပတ်လေ့ရှိသည်။

လမ်းပမ်းဆက်သွယ်ရေး

  • ရန်ကုန်-မိုးယွန်းကြီးအင်း ကားဖြင့် - ၆၉ မိုင်

[]

ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ

  • ရန်ကုန်မြို့နှင့် အနီးဆုံး ရေတိမ်ဒေသတစ်ခုဖြစ်ပြီး ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များကို လေ့လာကြည့်ရှုနိုင်ခြင်း
  • သုတေသန လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း၊
  • ရေတိမ်ဒေသဂေဟစနစ်ဖြစ်စဉ်များ သုတေသနပြုလုပ် လေ့လာနိုင်ခြင်း၊
  • ရေပျော်ငှက်များ အပါအဝင် ငှက်မျိုးစိတ်ပေါင်း (၇၅)မျိုးအား လေ့လာနိုင်ခြင်း။

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads