မေဆာဗာဒီ အမျိုးသားဥယျာဉ်
အမေရိကန်၊ ကိုလာရာဒိုပြည်နည်ရှိ အမျိုးသားဥယျာဉ် From Wikipedia, the free encyclopedia
Remove ads
မေဆာဗာဒီ အမျိုးသားဥယျာဉ် သည် အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် မွန်တီဇူးမားကောင်တီ တွင် တည်ရှိသော အမျိုးသား ဥယျာဉ် နှင့် ယူနက်စကို ကမ္ဘာ့အမွေခံ နေရာ တစ်ခု ဖြစ်သည်။ ထိုနေရာတွင် အမေရိကန်ပြည်ထောင်စုရှိ အကောင်းဆုံး ထိန်းသိမ်းထားသော ပျူဗလို လူမျိုးတို့၏ ရှေးဟောင်း ယဉ်ကျေးမှု ဒေသများကို ထိန်းသိမ်းစောင့်ရှောက် ထားခြင်း ဖြစ်သည်။
၁၉၀၆ ခုနှစ်တွင် သမ္မတ သီအိုဒို ရုစဗဲ့ မှ စတင်တည်ထောင်ခဲ့ပြီး ထိုဥယျာဉ်သည် ၅၂,၄၈၅ ဧက (၂၁,၂၄၀ ဟက်တာ) မျှ ရှိကာ အမေရိကန် အနောက်တောင်ပိုင်းရှိ ဖိုးကော်နာ ဒေသ အနီးတွင် တည်ရှိသည်။ နေရာပေါင်း ၄,၃၀၀ မျှ ပါဝင်ပြီး ၎င်းတို့ထဲတွင် ကမ်းပါးစောက် နေထိုင်ရာ နေရာ ၆၀၀ ခုမျှ ပါဝင်ကာ အမေရိကန်ပြည်ထောင်စု တွင်ရှိသော အကြီးမားဆုံး ရှေးဟောင်းသုတေသန ထိန်းသိမ်းရေး နယ်မြေ ဖြစ်သည်။ ကမ်းပါးစောင်း နန်းတော် အစရှိသော အဆောက်အအုံတို့မှာ မေဆာဗာဒီတွင် အထင်ရှားဆုံး နေရာများ ဖြစ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
