စိုင်းမောက်ခမ်း

From Wikipedia, the free encyclopedia

စိုင်းမောက်ခမ်း
Remove ads

ဒေါက်တာ စိုင်းမောက်ခမ်း ( ရှမ်း: ၸၢႆးမွၵ်ႇၶမ်း ) (၁၉၅၀ မွေးဖွား) သည် ရှမ်းလူမျိုး နိုင်ငံရေးသမားဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[][]

အချက်တိုများ စိုင်းမောက်ခမ်း, မြန်မာနိုင်ငံ၏ ဒုတိယမြောက်ဒုတိယသမ္မတ (၁) ...
Remove ads

ငယ်စဉ်ကာလ

၁၉၅ဝ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားခဲ့သည်။ အခြေခံပညာကို မူဆယ်မြို့တွင် သင်ကြားပြီး မန္တလေး ဆေးတက္ကသိုလ်သို့ ၁၉၆၈ ခုနှစ်တွင် တက်ရောက်သင်ကြားကာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ နန်းရွှေမှုန်နှင့် အိမ်ထောင်ကျခဲ့ပြီး (၁) နန်းအေနွမ် (၂) နန်းမွန်းမွန်ခမ်း (၃) စိုင်းစည်တွမ်ခမ်း ဟူ၍ သားသမီး သုံးယောက် ထွန်းကားခဲ့သည်။ သူသည် လူရည်ချွန် တစ်ဦးဖြစ်သည်။

အလုပ်အကိုင်

ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း ဖွင့်လှစ်ထားသည်။ လက်ရှိ မန်နေဂျင်း ဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူထားဆဲဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှုနှင့် ပါဝင်လှုပ်ရှားခဲ့သည့် အသင်းအဖွဲ့များ

ဒေါက်တာစိုင်းမောင်ခမ်းသည် ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာတွင် ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှနေ၍ အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)တွင် ဝင်ပြိုင်ခဲ့ရာ အမျိုးသား လွှတ်တော်အမတ်အဖြစ် အနိုင်ရခဲ့သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ဒုတိယ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

ဒုတိယသမ္မတအဖြစ် စတင်ထမ်းဆောင်ခြင်း

ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း ၃၀.၃.၂၀၁၁ မှ ၃၀.၃.၂၀၁၆ အထိ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လားရှိုးမြို့၌ အနိုင်ရကာပြည်သူ့လွှတ်​တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း​ဆောင်လျက်ရှိသည်။

နှစ်အလိုက် ကိုယ်ရေးအကျဉ်း

၁၉၅၀ ခုနှစ် - မွေးဖွား ။

၁၉၆၈ ခုနှစ် - မန္တလေး ဆေး တက္ကသိုလ်သို့ စတင် တက်ရောက်။
၂၀၁၁ ခုနှစ်၊ မတ်လ (၃၀) ရက်မှ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁) ရက်အထိ - ပထမမြောက် ဒုတိယ သမ္မတ (၂)အဖြစ် တင်မြှောက်ခံရ။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads