ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (အင်္ဂလိပ်: Union Solidarity and Development Party, အတိုကောက် - USDP, ပြည်ခိုင်ဖြိုးပါတီ) သည် ၂၀၁၀ ခုနှစ်က စတင်ပေါ်ပေါက်လာသည့် ပြည်ထောင်စုအဆင့် ဝင်ပြိုင်သော နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား အမည်နာမ ပြောင်းလဲဖွဲ့စည်းထားသော ပါတီဖြစ်သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လက်ရှိအတိုက်အခံ ပါတီ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရား (political ideology) မှာ ကွန်ဆာဗေးတစ် ဝါဒနှင့် အမျိုးသားရေးဝါဒ ဖြစ်သည်။[၃][၄] နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ယာ ဖြစ်သည်။ လက်ရှိတွင် ရဲချုပ်ဟောင်း ဦးခင်ရီက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။
တပ်မတော်အစိုးရလက်ထက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ ဖွဲ့စည်းထားခဲ့သော လူမှုရေးအသင်းကြီး ဖြစ်ခဲ့ပြီး နိုင်ငံရေးပါတီအဖြစ် ၂၀၁၀ ခုနှစ် ဇွန် ၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် ပါတီမှတ်ပုံတင်ကာ သီးခြားရပ်တည်နေသော အဖွဲ့အစည်းဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲမှာ မြန်မာပြည်တဝှမ်း ၈၈၂ နေရာ အနိုင်ရခဲ့သည်။ USDP ပါတီမှ ဦးသိန်းစိန်ကို လွှတ်တော်က သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက် ၂၀၁၁ ကတည်းက ၎င်းတို့ အစိုးရသည် ပြုပြင်ပြောင်းလဲရေးများကို ကျယ်ပြန့်စွာ ပြုလုပ်ခဲ့ပြီး ပြည်တွင်းရော ပြည်ပပါ ထိုလုပ်ဆောင်ချက်များကို လိုလားခဲ့ကြသည်။ သို့သော် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ၌ NLD နှင့် ရင်ဆိုင်ရသည့်အခါများတွင် ရှုံးနိမ့်ခဲ့ရသည်။[၅][၆]
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က USDP ကို အနိုင်ရပြီး အာဏာရလာသည်။ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် သုံးနေရာ၌ အနိုင်ရရှိခဲ့သည်။[၇]
Remove ads
ပါတီမှတ်ပုံတင်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် နိုင်ငံရေးပါတီများအနေဖြင့် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁) ဖြင့် ခွင့်ပြုခဲ့သည်။
Remove ads
ရွေးကောက်ပွဲရလဒ်များ
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
Remove ads
သမိုင်း
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပါတီလာလျှောက်စဉ်က ပါတီခေါင်းဆောင်မှာ ဦးသိန်းစိန်ဟု ဖော်ပြထားပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးဋ္ဌေးဦးဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
၂၀၁၅ ဩဂုတ်လ ၁၂ ရက်ညတွင် နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်ခဲ့ပြီး ယာယီပါတီဥက္ကဋ္ဌ တာဝန်ယူထားသူ သူရ ဦးရွှေမန်းနှင့် အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်သိန်း တို့မှာ ပါတီတွင် တာဝန်ယူထားသည့် ရာထူး အသီးသီးမှ ဖယ်ရှားခံခဲ့ရပြီးဖြစ်သည်။
ယင်းနောက် ပါတီဥက္ကဋ္ဌမှာ ဦးဋ္ဌေးဦး ဖြစ်လာခဲ့ပြီး အထွေထွေ အတွင်းရေးမှူးမှာလည်း ဦးတင်နိုင်သိန်း ဖြစ်လာခဲ့သည်။ ယင်းအခြေအနေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဩဂုတ်လ ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ဦးရွှေမန်းသည် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ဆက်လက်ရှိနေမည်ဟု အဆိုပါနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။[၈]
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနဲ့ သူတို့ရဲ့ ဒုတိယအကြိမ်ပါတီညီလာခံမှာ ဥက္ကဋ္ဌနေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ယခင်ဥက္ကဋ္ဌ ဦးသိန်းစိန်နေရာမှာ ဦးသန်းဌေးကို ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့သည်။ ဦးသန်းဌေးဟာ ယခင် တပ်မတော်မှာ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီး၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှာ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။[၉]
ပါတီခေါင်းဆောင်များ
ပါတီ ဥက္ကဋ္ဌ
- ဦးသိန်းစိန် ၈ ဇွန် ၂၀၁၀ - ၂ မေ ၂၀၁၁
- သူရ ဦးရွှေမန်း (ယာယီပါတီဥက္ကဋ္ဌ) ၂ မေ ၂၀၁၁ - ၁၆ အောက်တိုဘာ ၂၀၁၂
- ဦးသိန်းစိန် ၁၆ အောက်တိုဘာ ၂၀၁၂ - ၁ မေလ ၂၀၁၃
- သူရ ဦးရွှေမန်း (ယာယီပါတီဥက္ကဋ္ဌ) ၁ မေလ ၂၀၁၃ - ၁၃ ဩဂုတ် ၂၀၁၅
- ဦးဋ္ဌေးဦး ၁၃ ဩဂုတ် ၂၀၁၅ - ၂၃ ဩဂုတ်လ ၂၀၁၆
- ဦးသန်းဌေး ၂၃ ဩဂုတ်လ ၂၀၁၆ - ၂၀၂၂
- ဦးခင်ရီ - ၅ အောက်တိုဘာ ၂၀၂၂[၁၀] - လက်ရှိ
၂၀၂၂ ခုနှစ်၊ ပါတီညီလာခံ
- ဥက္ကဋ္ဌ - ဦးခင်ရီ
- ဒုတိယဥက္ကဋ္ဌ(၁) - ဦးမြတ်ဟိန်း
- ဒုတိယဥက္ကဋ္ဌ (၂) -ဦးလှထွန်း
- ဒုတိယဥက္ကဋ္ဌ (၃) -ဦးမျိုးဇော်သိန်း
- အထွေထွေအတွင်းရေးမှူး -ဦးသောင်းအေး
- တွဲဘက်အထွေထွေအတွင်းရေးမှူး - ဦးတင်အောင်ချစ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ကော်မတီဝင် ၄၆ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။[၁၁]
Remove ads
အဓိက ဖြစ်ရပ်များ
၂၀၂၂
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ် ညီလာခံအပြီးတွင် သတင်းများ ထွက်ပေါ်ခဲ့သည့်အတိုင်း ရဲချုပ်ဟောင်း ဦးခင်ရီကို ပါတီဥက္ကဋ္ဌအဖြစ် တရားဝင်အတည်ပြု ခန့်အပ်လိုက်ပြီဖြစ်သည်။ ပါတီ၏ နှစ်ရက်တာ ညီလာခံအပြီးတွင် ဦးခင်ရီကို ဥက္ကဋ္ဌအဖြစ် အတည်ပြုခန့်အပ်ခဲ့ပြီး ဦးမြဟိန်း (လေချုပ်/ဗိုလ်ချုပ်ကြီးဟောင်း) နှင့် ဦးလှထွန်း (သမ္မတရုံးဝန်ကြီးဟောင်း) တို့ကိုလည်း ယခင်အတိုင်း ဒုတိယဥက္ကဋ္ဌများအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။ ထို့အပြင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ် ကို ခန့်အပ်သည်။[၁၃]
Remove ads
ဆက်လေ့လာရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads