မော်တုံရွာ၊ ကျွန်းလှမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
မော်တုံရွာ (အင်္ဂလိပ်: Mawton)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၂၁၆၂ ဖြစ်သည်။ [၁] ရှေးအခါက ရှမ်းမြို့ဟောင်းဒေသလည်းဖြစ်သည်။ အင်းဝခေတ်မတိုင်မှီအထိ မြန်မာသက္ကရာဇ် ၇၇၄ အင်းဝဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာက တိုက်ဆင် (၃၀၀)၊ မြင်းသည်တော် (၄၀၀၀)၊ စစ်သည် စစ်သည် (၈၀၀၀၀) နှင့် လာရောက်တိုက်ခိုက်သဖြင့် မော်တုံ၊ မော်ကယ်မြို့များ ကျလေသည်။ မော်တုံ၊ မော်ကယ်သားတို့သည် ရွတ်ရွတ်ချွန်ချွန် ခုခံတိုက်ခိုက်သော်လည်း အင်အားမမျှသဖြင့် မြို့ကျလေ၏။ မြို့စားမင်း လွှတ်မြောက်သော်လည်း မိဖုရားနှင့် ဆွေတော်မျိုးတော်၊ မြို့သူ မြို့သား အများအပြား အင်းဝသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည်။ ထို့အချိန်မှစ၍ မော်တုံမြို့သည် အင်အားတောင့်တင်းပြန်လည်မစည်ကားလာတော့ပေး။ အချို့သော မြို့သူမြို့သားတို့ကား ဆီးဖြူရိုးမတောင်ကိုကျော်၍ အနောက်ဘက် (ယခု) မော်လိုက်နယ်တွင် မော်တုံကြီးဟူ၍ မြို့တည်၊ ရွာတည် နေထိုင်ကြလေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads