မော်လိုက်မြို့

From Wikipedia, the free encyclopedia

Remove ads

မော်လိုက်မြို့သည် ချင်းတွင်းမြစ်၏ အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိသည်။ မြစ်လမ်းအတိုင်း ပခုက္ကူမြို့မှ ၂၅၅ မိုင်ကွာဝေးသည်။ သင်္ဘောဆိပ်ကမ်းမြို့ဖြစ်သည့် အလျှောက် သွားရေး လာရေးအတွက် ရေကြောင်းကို အားကိုးရသည်။ မော်လိုက်မြို့သည် ရုံးများနှင့် သင်္ဘောဆိပ်တို့ကြောင့် အချက်အချာဖြစ်သော်လည်း လူနေအိမ်ခြေနည်းပါးသည်။ မော်လိုက်မြို့သည် မြစ်ကမ်းနှင့် ၂ မိုင်ခန့်စီ ဝေးကွာသော တောင်တန်းကလေး၏ အကြားတွင် တည်ရှိသဖြင့် သားငါးပေါ များသော်လည်း ဆန်အထွက်မလောက်သဖြင့် အောက်အရပ်ကို အားထားရသည်။ မော်လိုက်မြို့တွင် မြို့မဈေးနှင့် ဈေးငယ်တစ်ခုရှိသည်။ မော်လိုက်မြို့မှာ ရှေးအခါက အိမ်ခြေများသော ရွာကြီးမျှ သာဖြစ်သည်။ ခရစ် ၁၉၁၈ ခုနှစ်တွင်မှ ကင်းတပ်မြို့မှ အရေးပိုင်ရုံးကို မော်လိုက်သို့ ပြောင်းရွှေ့သဖြင့် ခရိုင်ရုံးစိုက်မြို့ဖြစ်လာသည်။[]

အချက်တိုများ Mawlaik မော်လိုက်, နိုင်ငံ ...

မော်လိုက်သည် ရှမ်းဘာသာဖြင့် ခေါ်၍ သံထွက်သော တွင်းဟု အဓိပ္ပာယ်ရသည်။ ရွှေ၊ ကျောက်မီးသွေး စသည့် ဓာတ်သတ္တုများ ထွက်ရှိရာ နယ်မြေ ဖြစ်သည်။ ၎င်းမြို့တည်ရာ ဒေသတွင် ရှေးက မော်လူးရွာ ရှိဖူးသည်။

ကုန်းဘောင်ခေတ်က ခန်းပတ်မြို့ဝန်အုပ်ချုပ်ရာ စီရင်စုနယ်မြေအတွင်း ပါဝင်သည်။ သီပေါမင်း ပါတော်မူသွားပြီး နောက်ပိုင်း ကာလတွင် မော်လိုက်နယ်မှ ဗြိတိသျှတို့ကို တော်လှန်သည်။ ဗိုလ်လယ်နှင့် ရွှေချိုးဖြူမင်းသားတို့မှာ ထင်ရှားသော ခေါင်းဆောင်များ ဖြစ်သည်။ ကိုလိုနီခေတ်ဦးကာလ ၁၈၈၈ တွင် ချင်းတွင်းနယ်ကို နှစ်ပိုင်းပိုင်း၍ အုပ်ချုပ်ရာ အထက်ချင်းတွင်းခရိုင်ရုံးကို ကင်းတပ်၌ ထားရှိသည်။ ထို့နောက် ၁၉၁၆ တွင် မော်လိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်သည်။ ၁၉၂၄ တွင် မော်လိုက်မြို့၌ အထက်တန်းကျောင်းကို စတင်ဖွင့်လှစ်သည်။[]

Remove ads

ထင်ရှားကျော်ကြား

ခင်မောင်တိုး (အဆိုတော်)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads