မျိုးသိန်းကျော်

သိပ္ပံနှင့် နည်းပညာ ဝန်ကြီး (၂၀၂၁-လက်ရှိ) From Wikipedia, the free encyclopedia

Remove ads

ဗိုလ်မှူးချုပ် (ငြိမ်း) ဒေါက်တာ မျိုးသိန်းကျော် သည် လက်ရှိတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ဖြင့် ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ကို ခွဲထုတ်ပြီးနောက် ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။

အချက်တိုများ ဗိုလ်မှူးချုပ် (ငြိမ်း)၊ ဒေါက်တာ မျိုးသိန်းကျော်, သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ...

ဝန်ကြီးတာဝန် မထမ်းဆောင်မီက သူသည် တပ်မတော်နည်းပညာတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[][]

Remove ads

၂၀၂၁ နောက်ပိုင်း တာဝန်ထမ်းဆောင်မှု

၂၀၂၁ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် ယခင်အစိုးရလက်ထက်၏ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၃၈/၂၀၂၁)ဖြင့် ပညာရေးဝန်ကြီးဌာန နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  နှစ်ခု ခွဲထုတ်ပြင်ဆင်ဖွဲ့စည်းခဲ့ရဲ့ရာ[] ဒေါက်တာမျိုးသိန်းကျော်ကို သိပ္ပံနှင့်နည်းပညာ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ []

သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မြန်မာနိုင်ငံတွင် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး[]တွင် အဓိကပါဝင်သူ ဖြစ်သည်။​ နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ []၂၀၂၂ ခုနှစ်၊ ဇွန်လပိုင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံ ခရီးစဉ်တွင် ဒေါက်တာမျိုးသိန်းကျော်က ပါဝင်လိုက်ပါခဲ့ပြီး၊ ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နှင့် မြန်မာနိုင်ငံ၌ အဏုမြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး သဘောတူညီချက်တွင် မြန်မာနိုင်ငံကိုယ်စား သူက လက်မှတ်ရေးထိုးခဲ့သည်။[]

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းလိုက်သော ဦးညိုစောအစိုးရတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ရာထူးတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဆက်လက် ခန့်အပ်ခံရသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads