နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ

From Wikipedia, the free encyclopedia

Remove ads

အမျိုးသားအဆင့် နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ သည် နိုင်ငံတော်အဆင့်အဖွဲ့အစည်း တစ်ခု ဖြစ်သည်။မြန်မာနိုင်ငံ၏ အရပ်ဘက်နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရန် အတွက် ဦးဆောင်မှုပေးမည့် ကော်မတီ တစ်ရပ်ဖြစ်သည်။ ကော်မတီတွင် အဖွဲ့ဝင် (၁၄)ဦး အထိ ပါဝင်သည်။ ကော်မတီ အား နိုင်ငံတော်ဝန်ကြီးချုပ် က ဦးဆောင်သည်။ကော်မတီအောက်တွင် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ တစ်ခုရှိသည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, ဦးဆောင်ကော်မတီ အကျဉ်းချုပ် ...
Remove ads

သမိုင်းကြောင်း

၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီး သည့်နောက် ပေါ်ပေါက်လာသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရုရှားနိုင်ငံ နှင့် လက်နက်ဆက်ဆံရေးအပြင် မဟာဗျူဟာမြောက်ဆက်ဆံရေးအား အခိုင်အမာ တည်ဆောက်ခဲ့သည်။[] နှစ်ဖက်ခရီးစဉ်များအတွင်း မြန်မာက ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နှင့် မြန်မာနိုင်ငံ တွင် အဏုမြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး သဘောတူညီချက်အား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက် တွင် လက်မှတ်ရေးထိုးခြင်းဖြင့် လည်းကောင်း[]ရန်ကုန်မြို့ လှိုင်မြို့နယ် တွင် ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာ အား ရုရှားနိုင်ငံ အကူအညီဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ဖွင့်လှစ်ခြင်းဖြင့် လည်းကောင်း[] အစရှိသည့် ပူးပေါင်းဆောင်ရွက်မှုများပြုပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၂ရက်နေ့တွင် မြန်မာနိုင်ငံအတွင်း နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် အမြင့်ဆုံးဦးဆောင်ကော်မတီ ပေါ်ပေါက်လာခြင်း ဖြစ်သည်။[]

Remove ads

ရည်ရွယ်ချက်

  • မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများချမှတ်နိုင်ရေးအတွက် ဦးဆောင်မှုပေးရန်၊
  • လိုအပ်သည့် ညွှန်ကြားချက် များနှင့် လမ်းညွှန်ချက်များ ထုတ်ပြန်ပေးရန်၊
  • နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် နယ်ပယ်များအတွက် နိုင်ငံတကာနှင့်ဒေသတွင်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်နိုင်ရန်၊

ဖွဲ့စည်းပုံ

နောက်ထပ် အချက်အလက်များ စဉ်, ရာထူး ...

လုပ်ငန်း တာဝန်များ

  1. နိုင်ငံတော်အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးခိုင်မာသည့် ကတိကဝတ်ပြုရန်နှင့် အဆိုပါအစီအစဉ် စတင်နိုင်ရေးအတွက် သုံးသပ်ချက်များနှင့် အကြံပြုချက်များ စုစည်းတင်ပြရန် ဦးစီးဆောင်ရွက်ခြင်း၊
  2. နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် မျှော်မှန်းချက်နှင့် လုပ်ထုံး လုပ်နည်းများချမှတ်နိုင်ရေး ဦးဆောင်မှုပေးခြင်းနှင့် လိုအပ်သည့်ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊
  3. နိုင်ငံတော်အစိုးရက အတည်ပြုထားသည့် နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို စောင့်ကြည့် စစ်ဆေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်း၊
  4. နျူကလီးယားစွမ်းအင်အစီအစဉ် ရေရှည်အကောင်အထည်ဖော်နိုင်ရေးကို ပံ့ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးသက်ဆိုင်သူများ ပါဝင်ပတ်သက်ရေး၊ စက်မှုလုပ်ငန်းများ ပါဝင်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေးစသည့်ကိစ္စရပ် များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများရေးဆွဲရေးအပေါ် ဦးဆောင်ခြင်းနှင့် ကြီးကြပ်ခြင်း၊ (င) နျူကလီးယားအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေလိုအပ်ချက်သတ်မှတ်ရေးနှင့် နျူကလီးယားစီမံကိန်းအတွက် ဘဏ္ဍာငွေရရှိနိုင်မည့် အရင်းအမြစ်များ ရွေးချယ်သတ်မှတ်ရေးတို့ကို ဦးဆောင်ခြင်း၊
  5. နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုသည့် နယ်ပယ်များအတွက် နိုင်ငံတကာနှင့် ဒေသတွင်းမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ခြင်း၊

နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ

နောက်ထပ် အချက်အလက်များ စဉ်, ရာထူး ...

လုပ်ငန်းကော်မတီ၏တာဝန်များ

  1. နိုင်ငံတော်အစိုးရအနေဖြင့် နျူကလီးယားစွမ်းအင်အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် စတင် နိုင်ရေးအတွက် သုံးသပ်ချက်များနှင့်အကြံပြုချက်များ စုစည်းတင်ပြခြင်း၊
  2. သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများပါဝင်သော ဆပ်ကော်မတီများ လုပ်ငန်း အဖွဲ့များကို ဖွဲ့စည်းပေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊
  3. နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် စီမံကိန်းများအကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ ထုတ်ပြန်ရန်ဆောင်ရွက်ခြင်း၊
  4. နျူကလီးယားစွမ်းအင်အစီအစဉ်ဆိုင်ရာ အသေးစိတ်အစီရင်ခံစာနှင့် လမ်းပြမြေပုံရေးဆွဲခြင်းအပါအဝင် အမျိုးသားနျူကလီးယား အခြေခံအဆောက်အအုံအား အကဲဖြတ်သုံးသပ်ရေးနှင့် ဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊
  5. နျူကလီးယားစွမ်းအင်အစီအစဉ် ရေရှည်အကောင်အထည်ဖော်နိုင်ရေးကို ပံ့ပိုးနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ အကျိုးသက်ဆိုင်သူများ ပါဝင်ပတ်သက်ရေး၊ စက်မှုလုပ်ငန်းများ ပါဝင်ရေး၊ ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းများနှင့် သုံးစွဲပြီးလောင်စာများ စီမံခန့်ခွဲရေး စသည့် ကိစ္စရပ်များဆိုင်ရာ မဟာဗျူဟာများနှင့် အစီအမံများရေးဆွဲဆောင်ရွက်ခြင်း၊
  6. အမျိုးသားနျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ လေ့လာသုံးသပ်အကဲဖြတ် ဆောင်ရွက်ခြင်း၊
  7. နျူကလီးယားစွမ်းအင်အစီအစဉ်နှင့် နျူကလီးယား အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုတို့ကို အထောက် အပံ့ပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီအပါအဝင် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများနှင့် ထိတွေ့ဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
  8. နျူကလီးယားစွမ်းအင်အစီအစဉ်အား အကောင်အထည်ဖော်မှုအဆင့်အလိုက် လိုအပ်ပါက ဆပ်ကော်မတီ များလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း။
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads