မြကြီး (အဆိုတော်)

From Wikipedia, the free encyclopedia

Remove ads

ဂီတလောကတွင် ကိုမြကြီးဟု ထင်ရှားကျော်ကြား လူကြိုက်များခဲ့သော နိုင်ငံကျော်တေးသံရှင် ဦးမြကြီးခေါ် ဦးမြဟန်ကို ၁၉၂၄ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့၌ အဖဦးဆင်၊ မိခင်ဒေါ်မွှေးတို့က ရန်ကုန်မြို့ပုဇွန်တောင်မြို့နယ် ရေကျော် အိုးဘိုးရပ်ကွက်တွင် မွေးဖွားသည်။

ငယ်ဘဝ

ဖခင်ဖြစ်သူသည် စိန်ပေါလ်ကျောင်း (ယခု အခြေခံပညာ အထက်တန်း(၆)၊ ဗိုလ်တစ်ထောင်)မှ အထက်တန်းပြဆရာဖြစ်သည်။ မိခင်သည် ဆေးပြင်းလိပ်ခုံပိုင်ရှင်ဖြစ်သည်။ ဦးမြကြီးသည် အလုံမြို့နယ် ကူရှင်ကျောင်း(ယခု အထက (၄) အလုံ)တွင် ပညာသင်ကြားသည်။ ထိုကျောင်းမှ (၁၀)တန်းအောင်ပြီး တက္ကသိုလ် ဥပစာအပိုင်း(က)အထိ ပညာဆက်လက်သင်ယူခဲ့သည်။ ထို့နောက် ဝါသနာကြီးလှသော တေးဂီတလောကသို့ ခြေချသည်။ ဦးမြကြီးသည် ဂီတပညာများကို ဂီတပညာရှင် ဆရာမကြီး (ဒေါ်)မကြည်အောင်ဂီတာစိမ်းမောင်တက္ကသိုလ်စိုးတို့ထံတွင် စတင်ဆည်းပူးခဲ့သည်။ ထိုပုဂ္ဂိုလ်များသည် ကိုမြကြီး၏ ဂီတအနုပညာ လက်ဦးဆရာများ ဖြစ်သည်။[]

Remove ads

အမှုထမ်းဘဝ

ကိုမြကြီးသည် အစိုးရအမှုထမ်းဘဝဖြင့်လည်း ကျင်လည်ခဲ့ရာ ကောက်ပဲသီးနှံရုံးဟု ခေါ်ကြသော S.A.M.B ရုံးတွင် အငယ်တန်းအရာရှိတစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ထို့နောက် လုပ်သက်ပြည့်ဖြင့် အလုပ်မှ အငြိမ်းစားယူ၍ ဂီတအနုပညာနယ်ပယ်သို့ လုံးဝဥဿုံဝင်ရောက်သည်။

ဂီတအနုပညာနယ်ပယ်

ကိုမြကြီး ပထမဆုံးပါဝင်သီဆိုခဲ့သော သီချင်းမှာ "ပန်းမဉ္စူ" သီချင်းဖြစ်သည်။ ထို့နောက် ကိုမြကြီးသည် တက္ကသိုလ်စိုးရေးစပ်သော "မေ" သီချင်းဖြင့် ဂီတလောကတွင် "အဆိုတော်မြကြီး"အမည်ကို စတင်ရယူသည်။ အဆိုတော် ကိုမြကြီးဟူသော အမည်သည် ဓာတ်ပြားခေတ်ကာလက ထိပ်ဆုံးနေရာတွင် ရှိခဲ့သည်။ ဆူပါဟိုက် ဓာတ်ပြားကုမ္ပဏီ၊ ပဒေသာမျိုးလှိုင် ဓာတ်ပြားကုမ္ပဏီ၊ လွတ်လပ်ရေး ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီတို့နှင့် ကိုမြကြီးသည် သူ့သီချင်းများကို ဓာတ်ပြားပေါင်းများစွာ သွင်းခဲ့ရပြီး ဓာတ်ပြားခေတ်က ကိုမြကြီး၏ ဓာတ်ပြားရတေးသီချင်းများသည် အရောင်းအသွက်ဆုံးဈေးကွက်ဝင် ဓာတ်ပြားများဖြစ်ခဲ့သည်။ ကိုမြကြီးသည် လက်တီးတူရိယာများဖြစ်သော ဒုံမင်းနှင့်မယ်ဒလင်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သည်။ ကိုမြကြီးသည် ရုပ်ရှင်ပြဇာတ်လောကမှာထက် တေးဂီတလောကတွင် အဆိုတော် ကိုမြကြီးအဖြစ် ထင်ရှားလူသိများ ကျော်ကြားခဲ့ရာတွင် မိုး၊ မခင်နှင်းဆီ၊ မခင်းနှင်းဆီရဲ့နှင်းဆီ၊ မခင်နှင်းဆီ ဇာတ်သိမ်း၊ မေ၊နွဲ့ဆိုး၊ ရက်ကန်းသံ၊ မခင်နှင်းဆီသို့ ပေးစာ၊ ဘာပဲလုပ်ရလုပ်ရ သီချင်းများသည် အထူးကျော်ကြား လူကြိုက်များသည်။

ဘဝနိဂုံး

အဆိုတော် ကိုမြကြီးဟူ၍ နိုင်ငံအဝန်း ကျော်ကြားခဲ့သော ကိုမြကြီးသည် ၁၉၉၈ခုနှစ်၊ ဩဂုတ်လ (၉)ရက်နေ့၌ ရန်ကုန်မြို့တွင် ကွယ်လွန်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads