မြန်မာနိုင်ငံ၏ ဘာသာစကားများ

From Wikipedia, the free encyclopedia

မြန်မာနိုင်ငံ၏ ဘာသာစကားများ
Remove ads

မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။[] မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။[]

Thumb
မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဘာသာစကားများပြ မြေပုံ

တိုင်းရင်းသား လူမျိုးစုများ ပြောဆိုအသုံးပြုသည့် ဘာသာစကားများကို အုပ်စုကြီးငါးခု အနေဖြင့် ခွဲခြားနိုင်သည်။ ယင်းတို့မှာ တရုတ်-တိဗက် (Sino-Tibetan)၊ မွန်-ခမာ (Austroasiatic)၊ ခရာ-ဒိုင် (Kra-Dai)၊ အင်ဒို-ဥရောပ (Indo-European) နှင့် ဩစတြိုနီးရှန်း (Austronesian) တို့ဖြစ်ကြပြီး[] သင်္ကေတ ဘာသာစကား ကိုလည်း အသုံးပြုသည်။[]

Remove ads

မြန်မာဘာသာစကား

မြန်မာဘာသာစကားသည် ဗမာလူမျိုးများနှင့် ဆက်စပ်လူမျိုးခွဲတို့၏ ဒေသခံစကားဖြစ်သည်။ မြန်မာဘာသာစကားကို လူဦးရေ ၃၆သန်းခန့်က ပင်ကိုဘာသာစကားအဖြစ် အသုံးပြုနေကြသည်။ အခြားလူဦးရေ ၁၀ သန်းခန့်သည် မြန်မာဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုသည်။

မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ပါဝင်ပြီး တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) ၏ အခွဲဖြစ်သော Burmish ဘာသာစကားအုပ်စုတွင် ပါဝင်သည်။ တိဗက်-ဗမာနွယ်စကားအုပ်စုတွင် မြန်မာဘာသာသည် အကျယ်ပြန့်ဆုံး ပြောဆိုသုံးနှုန်းသည့် စကားဖြစ်ကာ တရုတ်-တိဗက် ဘာသာစကားများတွင် ဒုတိယအကျယ်ပြန့်ဆုံး ပြောဆိုသည့် ဘာသာစကား ဖြစ်သည်။[] မြန်မာဘာသာသည် တရုတ်-တိဗက် ဘာသာစကားများတွင် စတုတ္ထမြောက် အရေးအသားစနစ်ကို ဖွံ့ဖြိုးသည့် ဘာသာဖြစ်သည်။ မြန်မာစာများတွင်ပါဠိစကားလုံးများကိုထည့်သွင်းအသုံးပြုကြပေသည်။[]

Remove ads

တိုင်းရင်းသား ဘာသာစကားများ

မြန်မာဘာသာစကားနှင့် မြန်မာဒေသိယစကားများ အပြင်၊ ရှမ်းဘာသာစကား (၃.၂ သန်း ပြောဆို)၊ ကရင်ဘာသာစကား (၂.၆ သန်း ပြောဆို)၊ ဂျိန်းဖောဘာသာစကား (၉၀၀,၀၀၀ ခန့်ပြောဆို)၊ အမျိုးမျိုးသော ချင်းဘာသာစကား (၇၈၀,၀၀၀ ပြောဆို) နှင့် မွန်ဘာသာစကား (မွန်-ခမာ၊၁.၁ သန်း ခန့်ပြောဆို) အပါအဝင် အခြားဘာသာစကား တစ်ရာခန့်ရှိသည်။[][] ထိုဘာသာစကားအများစုသည် မြန်မာအက္ခရာကို အသုံးပြုကြသည်။

မြန်မာ သင်္ကေတဘာသာစကားသည် တစ်မျိုး သို့မဟုတ် နှစ်မျိုးရှိသည်ဆိုသည်မှာ တိတိကျကျ မသိရပေ။

Remove ads

အင်္ဂလိပ်ဘာသာစကား

ယနေ့အချိန်တွင် မြန်မာဘာသာစကားသည် ပင်မဘာသာစကားဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကား အနေဖြင့် ပြောဆို အသုံးပြုနေကြသည်။[] ၁၉ ရာစုနှောင်းပိုင်း မှ ၁၉၆၄ ခုနှစ်အထိ အဆင့်မြင့်ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားသည် ပင်မဘာသာစကား ဖြစ်ခဲ့သည်။[]


အောက်ခြေမှတ်စု

ကျမ်းကိုး စာစုစာရင်း

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads