မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

မြန်မာ့ဆက်သွယ်ရေးကုမ္ပဏီ From Wikipedia, the free encyclopedia

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Remove ads

မြန်မာ့ဆက်သွယ်​ရေးလုပ်ငန်း (အင်္ဂလိပ်: Myanma Posts and Telecomunications) သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...
Remove ads

ဆောင်ရွက်ချက်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ခေတ်မီဆက်သွယ်ရေးစနစ်များဖြင့် လုပ်ငန်းများ တိုးတက်ပြောင်းလဲ ဖြစ်ထွန်းအောင် ဆောင်ရွက်နေ၍ တိုင်းရင်းသားပြည်သူများအား တိုးတက်ကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးစွမ်းနိုင်အောင်လည်း ဦးတည်ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်နှင့်တိုင်းများ၌အော်တိုအိတ်ချိန်းနှင့် အဝေးဆက်ကြောင်းသစ်များ တိုးချဲ့တည်ဆောက်ခြင်း၊ မိုဘိုင်းလ်ဆက်သွယ်ရေးစနစ်များ တိုးချဲ့တည်ဆောက်ခြင်း၊ MPT Satellite Terminal များအပါအဝင် ကျေးလက်တယ်လီဖုန်းစနစ်များ တည်ဆောက်ခြင်း၊ အများပြည်သူသုံးတယ်လီဖုန်း၊ ဖက်စ်နှင့် အီးမေးလ်လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ပါဝင်သည်။ ထပ်ဆောင်းဝန်ဆောင်မှုလုပ်ငန်းများ(Value Added Services) အဖြစ် Password နှင့် GSM Mobile SMS (Short Message Service) တို့ကိုလည်း တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၁၀ မှစ၍ IT For Youth(လူငယ်များအတွက်သတင်း အချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ)အစီအစဉ်ဖြင့်နိုင်ငံတစ်ဝန်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ကဏ္ဍများကို လည်းတိုးချဲ့ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသော ဌာန ဖြစ်ပြီး စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းစသည့် သမားရိုးကျဆက်သွယ်မှုများအပြင် ခေတ်နှင့်အညီ အီးမေးလ်အင်တာနက်စသည့် ဆက်သွယ်မှုများဖြင့်လည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။ အစိုးရဌာနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ လက်အောက်ဌာနတစ်ခုဖြစ်သည်။

Remove ads

သမိုင်းကြောင်း

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ၁၈၈၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး စာတိုက်နှင့် ကြေးနန်းဌာနအမည်ဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့က ဦးစီးဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် အဓိကဌာန (၁၁)ခုရှိပြီး ဒုတိယအထွေထွေမန်နေဂျာအဆင့်နှင့် အင်ဂျင်နီယာချုပ်တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွဲ့စည်းပုံအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ၊ ၂၀၁၄ ခုနှစ် ၊ ဧပြီလအထိ အရာထမ်း (၅၀၃) ဦးနှင့် အမှုထမ်း (၁၄၇၅၆) ဦး ၊ စုစုပေါင်းရာထူး (၁၅၂၅၉) ဦးဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိခန့်ထားပြီးအင်အားမှာ အရာထမ်း (၃၈၅) ဦးနှင့် အမှုထမ်း (၁၁၁၂၈) ဦးဖြစ်သဖြင့် လစ်လပ်လျက်ရှိသောအင်အားမှာ အရာထမ်းရာထူး (၁၁၈) နေရာနှင့် အမှုထမ်း ရာထူး (၃၆၂၇) ရာထူးနေရာဖြစ်သည်။[]

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တွင် အောက်ဖော်ပြပါ လုပ်ငန်းဌာနကြီး (၅)ခု ၊ အင်ဂျင်နီယာချုပ်ရုံး (၅)ခု၊ ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်း(၁)ခု နှင့် ပြည်နယ်/တိုင်း (၁၇)ခု ဖြင့် ဖွဲ့စည်းထားပြီး စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း လုပ်ငန်းများ ကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။[]

  • မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်
  • စီမံရေးရာဌာန
  • လုပ်ငန်းနှင့်စစ်ဆေးရေးဌာန
  • နေပြည်တော်ကောင်စီ
  • ပစ္စည်းဌာန
  • ငွေစာရင်းဌာန
  • စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန
  • ရုံးချုပ်အခြေစိုက်ပြည်ပဆက်သွယ်ရေးစခန်း
  • ရုံးချုပ်အခြေစိုက်အဝေးဆက်သွယ်ရေးစခန်း
  • ရုံးချုပ်အခြေစိုက်အော်တိုတယ်လီဖုန်းစခန်း
  • ရုံးချုပ်အခြေစိုက်မိုဘိုင်းဆက်သွယ်ရေးစခန်း
  • သတင်းအချက်အလက်နှင့်နည်းပညာဌာန
  • ကြေးနန်းဆက်သွယ်ရေးနှင့် စာတိုက်သင်တန်းကျောင်း
Remove ads

လုပ်ငန်းတာဝန်များ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ လုပ်ငန်းတာဝန်များမှာ

  1. ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်သားပြည်သူတို့ လွယ်ကူပြေပြစ်စွာ အသုံးပြုနိုင်ရေးအတွက် စီးပွားရေးဆန်ဆန် စီစဉ်ဆောင်ရွက်ခြင်း။
  2. စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရေးအတွက် ယင်းလုပ်ငန်း များ၏ ဆက်သွယ်ရေးလုပ်ငန်းလိုအပ်ချက်ကို ဖြည့်ဆည်းခြင်း။
  3. ဆက်သွယ်ရေး အခြေစိုက်စခန်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ဖွင့်လှစ်ခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်ပြောင်းလဲခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရပ်ဆိုင်းခြင်းနှင့် ပိတ်ရန်လိုအပ်ပါက ပိတ်ထားခြင်း။
  4. ဆက်သွယ်ရေး အခြေစိုက်စခန်းများမှ တာဝန်ခံလုပ်ဆောင်နိုင်သော အခြားဝန်ထမ်း အဖွဲ့အစည်း များ၏ ကိုယ်စားလှယ်လုပ်ငန်းများကို ဆောင်ရွက်ခြင်း။
  5. ဆက်သွယ်ရေးလမ်းကြောင်းများကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း၊ တိုးချဲ့ခြင်း၊ ပြုပြင်ခြင်း၊ လျှော့ချခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် လိုအပ်ပါက ပိတ်ထားခြင်း။
  6. အပြည်ပြည်ဆိုင်ရာ စာတိုက် အဖွဲ့အစည်းနှင့်ဖြစ်စေ ၊ ကြေးနန်းဆက်သွယ်ရေးအဖွဲ့အစည်းနှင့် ဖြစ်စေ ၊ ချုပ်ဆိုသော ကွန်ဗင်းရှင်းစာချုပ်များကိုလည်းကောင်း၊ နိုင်ငံတော်နှင့် အခြားနိုင်ငံချုပ်ဆိုသည့် ဆက်သွယ်ရေးလုပ်ငန်း သဘောတူညီချက်များကိုလည်းကောင်း လိုက်နာကျင့်သုံးခြင်း။
  7. လိုအပ်သည့် စူးစမ်းရှာဖွေလေ့လာမှုများပြုလုပ်ခြင်း၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း။
  8. ပြည်ထောင်စုဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ပေးထားသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

နိုင်ငံတော်အစိုးရ၏ တရားဝင် ထုတ်ပြန်ကြေညာမှု မှတ်တမ်း

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ တိုးတက်ပြောင်းလဲမှုများအား ဖော်ပြထားသည်။

နောက်ထပ် အချက်အလက်များ အမျိုးအစား, ရေတွက်ပုံ ...
Remove ads

ကိုးကား

ပြင်ပဆက်သွယ်ရေး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads