ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန

မြန်မာနိုင်ငံ၏အစိုးရဝန်ကြီးဌာန From Wikipedia, the free encyclopedia

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
Remove ads

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ဆက်သွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

Thumb
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ တံဆိပ်

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနသည် နိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဝန်ကြီးဌာနတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ၏ တယ်လီဖုန်းသိပ်သည်းဆ တိုးတက်မြင့်မားလာစေရန် တယ်လီဖုန်းတိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို နှစ်စဉ်စီမံကိန်းများ ချမှတ်လျက် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း (၃၅၉၈၁၁၃)လုံး၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း (၆၇၀၄၂၀၃)လုံး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အထိ တယ်လီဖုန်းပေါင်း (၉၀၂၁၄၁၈)လုံး နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ မေလအထိ တယ်လီဖုန်းပေါင်း (၉၃၆၁၉၈၈)လုံးတပ်ဆင်ခဲ့ပြီး တယ်လီဖုန်းသိပ်သည်းဆမှာ ၂၀၁၄ မေလကုန်အထိ ၁၅.၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။[]

Remove ads

သမိုင်းကြောင်း

ပြည်ထောင်စုမြန်မာနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်နေ့တွင် ထုတ်ပြန် သော အမိန့်ကြော်ငြာစာအမှတ်၊ (၁၀/၉၂)ဖြင့် နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကိုပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ရေးဝန်ကြီးဌာနရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၁၉၉၂ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်နေ့တွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တို့ဖြင့်ဖွဲ့စည်းခဲ့သည်။ ၁၉၉၉ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၃၀/၉၉)တွင် ဆုံးဖြတ်ချက် အရ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနအား ၁၉၉၉ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့တွင် ပို့ဆာင်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက် သို့လွှဲပြောင်းပေးခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ၉-၁၁-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၃/၂၀၁၂)ဖြင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အဖြစ် ပြည်ထောင်စုဝန်ကြီးဌာနအမည်ကို ပြောင်းလဲသတ်မှတ်ခဲ့သည်။ []

Remove ads

ဖွဲ့စည်းပုံ

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်တွင် ဦးစီးဌာနများ ထပ်မံခွဲထားသည်။

  1. စီမံရေးရာဌာန
  2. မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
  3. ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန
  4. လုပ်ငန်းနှင့် စစ်ဆေးရေးဌာန
  5. ပစ္စည်းဌာန
  6. စီမံကိန်းနှင့် လေ့ကျင့်ရေးဌာန
  7. သတင်းအချက်အလက်နှင့် နည်းပညာဆက်သွယ်ရေးဌာန တို့ဖြစ်သည်။

ကိုးကား

အွန်လိုင်း ဆိုဒ်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads