မြန်အောင်မြို့

ဧရာဝတီတိုင်းဒေသကြီး၏ခရိုင်အဆင့်ရှိမြို့ From Wikipedia, the free encyclopedia

Remove ads

မြန်အောင်မြို့သည် ဧရာဝတီတိုင်းဒေသကြီးမြန်အောင်ခရိုင်ရှိ မြန်အောင်မြို့နယ်၏ ရုံးစိုက်ရာ ဖြစ်သည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း၊ ကြံခင်းမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ကွာတွင် တည်ရှိသည်။ အထက်အောက် မြန်မာနိုင်ငံသို့ သွားလာ သော သင်္ဘောများ ဆိုက်ကပ်ရာမြို့နှင့် ပုသိမ်-ကြံခင်း မီးရထား လမ်းရှိ ဘူတာရုံမြို့လည်းဖြစ်သည်။

အချက်တိုများ မြန်အောင်မြို့, နိုင်ငံ ...

မြန်အောင်မြို့သည် ဆေးရုံ၊ အစိုးရရုံးများ၊ ပြည်သူ့ရဲစခန်းနှင့် နိုင်ငံတော် အထက်တန်းကျောင်းများ ရှိသည်။ ၁၈၈၆ ခုနှစ် ကစ၍ မြူနီစီပယ်အဖွဲ့ကို ဖွဲစည်းတည်ထောင်ကာ မြို့ရွာ စည်ပင်သာယာရေးကို စီမံဆောင်ရွက်ခဲ့သည်။

မြန်အောင်မြို့ကို ခရစ်နှစ် ၁၂၅ဝ ပြည့်လောက်ကပင် မွန်လူမျိုးတို့ တည်ထောင်ခဲ့သည်ဟု အဆိုရှိ၏။ ထို အခါက လွန်ဆေးဟု အမည်တွင်၍ နောင်အလောင်းဘုရားလက်ထက် (ခရစ်နှစ် ၁၇၅၄)သို့ ရောက်သောအခါမှ မြန်အောင်ဟု အမည်သစ် ခေါ်တွင်စေခဲ့လေသည်။ မြန်အောင်မြို့သည် ဂူထွတ်ဟု အမည်တွင်ခဲ့စဉ်အခါက မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသော မြို့တစ်မြို့ ဖြစ်ခဲ့လေသည်။ မွန်နှင့် မြန်မာတို့ စစ်ထိုးခဲ့ကြရာတွင် ဂူထွတ်မြို့၌ ထင်ရှားသော ရေကြောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ဘူးသည်။ ထိုအခါက မွန်တို့၏ ခံတပ် မြို့တစ်မြို့ လည်း ဖြစ်ခဲ့ဘူးလေသည်။

မြန်အောင်မြို့၏ အဓိကထွက် ကုန်မှာ ဆန်စပါးဖြစ်သည်။မြန်အောင်မြို့သည် အနုပညာသည်နှင့် သဘင်ပညာသည်များ နိုင်ငံကျော်စာရေးဆရာများ ထွက်ရှိရာဒေသဖြစ်သည်။ မြန်အောင်မြို့နယ်တွင် တန်ခိုးကြီးသမိုင်းရှေးဟောင်းဘုရားပုထိုးစေတီများစွာရှိသည်။ မြန်အောင်တာဝတိံသာဘုရားပွဲမှာ သီတင်းကျွတ်လဆန်း မှစ၍ သီတင်းကျွတ်လပြည့်ထိဖြစ်ပြီး အောက်မြန်မာပြည်တွင် သက်တမ်းအရင့်ဆုံးနှင့် အရှည်ကြာဆုံးဘုရားပွဲဖြစ်သည်။ မြန်အောင်မြို့နယ်သည်အောက်မြန်မာပြည်နှင့် အလယ်ပိုင်းတို့ ဆက်သွယ်ရေးတွင် ရေကြောင်း၊ ကုန်းကြောင်း​ဖြင့် အရေးပါလျက်ရှိသည်။ ၁၉၆၄ ခုနှစ်တွင် မြန်အောင်မြို့နယ် အတွင်း၌ ရေနံတူးဖော် တွေ့ရှိသဖြင့် တွင်ကျယ်စွာ လုပ်ကိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ မြန်အောင် မှ ဟင်္သာတ၊ ပုသိမ်၊ ရန်ကုန်၊ ပြည် မြို့များသို့ Express အဆင့်မြင့်ကားများ ပြေးဆွဲလျက်ရှိသည်။

[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads