မြေငူကျွန်း

From Wikipedia, the free encyclopedia

Remove ads

မြေငူကျွန်းသည် ဘင်္ဂလားပင်လယ်အော်တွင်းတွင် တည်ရှိသည့် ကျွန်းတစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ပါဝင်သည့် ကျွန်းတစ်ခုဖြစ်ကာ စစ်တွေမြို့၏ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး အရှေ့ဘက်ရှိ ပိန္နဲချောင်းကျွန်းနှင့် ၂ ကီလိုမီတာခန့်ကျယ်သော ရေလက်ကြားဖြင့် ပိုင်းခြားထားသည်။

အချက်တိုများ မြေငူကျွန်း, နိုင်ငံ ...
Remove ads

ပထဝီဝင်

မြေငူကျွန်းသည် ရခိုင်ပြည်ရှိ ဖရုံကာကျွန်းများအနက် အနောက်ဘက် အစွန်ဆုံး ကျွန်းလည်းဖြစ်သည်။ မြေငူကျွန်းသည် ၃၃ ကီလိုမီတာရှည်လျားကာ အကျယ်မှာ ၃.၈ ကီလိုမီတာခန့်ရှိသည်။ မြငူကျွန်းတွင် ရွာပေါင်း ၂၂ ရွာရှိသည်၊ ကျွန်း၏ တောင်ဘက်ပိုင်းတွင် ကုလားသိမ်ရွာနှင့် မြောက်ဘက်ပိုင်းတွင် သဲခုံရွာတို့ တည်ရှိသည်။ ပြိုင်းတောင်ကျေးရွာအုပ်စု၊ပြိုင်းတောင်ကျေးရွာသည်‌ေမြငူကျွန်းတွင်လူဦးရေအများဆုံးနေထိုင်သောကျေးရွာဖြစ်သည်။ ကျွန်းမြောက်ဖျားပိုင်း သဲခုံသောင်ပေါ်တွင် တည်ရှိသော သဲခုံရွာသည် နှစ်စဉ် ပင်လယ်ရေ တိုက်စားမှုကြောင့် ရွာတည်နေရာ အကျယ်အဝန်းမာ ဖြည်းဖြည်းချင်း တိုက်စားရေမြုတ်လာနေသည်။[] မြေငူကျွန်းအား အရှေ့နှင့်အနောက်ကို တောင်တန်းမှနေရာယူထားသည်ကျွန်း၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ကုန်းလမ်းခရီးဖြင့် သွားလာနိုင်ရန်အလို့ငှာ မြေသားလမ်း ဖောက်လုပ် ဆောင်ရွက်လျက်ရှိသည်။ ကျွန်း၏အရှေ့ဘက်တွင်ရွာချင်းစပ်ဖေါက်လုပ်ထားသောမြေသားလမ်းမရှိသောကြောင် ရေလမ်းသာအသုံးပြုနေရသည်။

Remove ads

ကိုးကား မြေငူကျွန်းသားများ

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads