မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)

From Wikipedia, the free encyclopedia

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)
Remove ads

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (အင်္ဂလိပ်: New Mon State Party (Anti-Military Dictatorship)) သည် မြန်မာနိုင်ငံရှိ မွန်လူမျိုး၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ခွဲထွက်ပေါ်ပေါက်လာသော အဖွဲ့အစည်းဖြစ်သည်။

အချက်တိုများ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး), တည်ထောင်ခြင်း ...
Remove ads

သမိုင်းကြောင်း

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် "မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)" အမည်ဖြင့် အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်မည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ကြေညာခဲ့သည်။[][] မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေး) နှင့် ယင်း၏ နိုင်ငံရေးအဖွဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)[] ကို မွန်ပြည်သစ်ပါတီမှအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်တို့ ဦးဆောင်သည်။[] ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၏ ပြောရေးဆိုခွင့်ရှိသူက ဒေသခံ တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။[]

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ အမှတ် (၅) တပ်ရင်းတစ်ခုလုံး သည် ၎င်းတို့၏ တပ်ရင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဗွတ်မွန် ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ MNLA အမှတ် (၅) တပ်ရင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ ဗလဲ့ဒွန်းဖိုက်၊ ဂျပန်ရေတွင်းစသည့် ဘုရားသုံးဆူဒေသတစ်ဝိုက်တွင် အခြေပြုလှုပ်ရှားနေသည့် တပ်ရင်းဖြစ်သည်။[]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads