ယူကျူ့ဘ်
ဂူဂယ်၏ဗီဒီယိုဝက်(ဘ်)ဆိုက် From Wikipedia, the free encyclopedia
Remove ads
ယူကျူ့ဘ်(အင်္ဂလိပ်: Youtube) သည် ဗွီဒီယိုများအား အင်တာနက်ပေါ်သို့ လွင့်တင်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းဝက်ဘ်ဆိုဒ်ပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား ဗဟုသုတများစွာကို ပေးနိုင်သော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။ လတ်တလောအခြေအနေတွင် ယူကျု(ဘ်)အား ဂူဂယ် က ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယူကျု(ဘ်)အား ပေးပယ်(လ်)၏ မူလအလုပ်သမား သုံးယောက်မှ ဖေဖော်ဝါရီလ၊ ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ဂူဂယ်က အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။[၄] ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်တွင် အမျိုးမျိုးသော ဗွီဒီယိုဖိုင်များအား လွင့်တင်နိုင်သည့်အပြင်၊ ၎င်းဗွီဒီယိုဖိုင်များအား အခြားသူများအား ဝေမျှနိုင်ခြင်း၊ အမှတ်ပေးခြင်း၊ ကြည့်ရှု့သည်အရေအတွက်ပေါင်းအား မှတ်တမ်းတင်ထားခြင်း၊ ဗွီဒီယိုဖိုင်တွင် ထင်မြင်ချက်များ ချမှတ်နိုင်ခြင်း စသည့် နည်းပညာများကြောင့် ယူကျု(ဘ်)သည် လူကြိုက်များ ကျော်ကြားလှသည်။
ယူကျုဘ်အား ကမ္ဘာပေါ်ရှိ စာသင်ကျောင်းအတော်များများနှင့် အချို့သော နိုင်ငံများက မသင့်လျော်သော ဝက်ဘ်ဆိုဒ်တစ်ခု အဖြစ် ထင်မြင်၍ ပယ်ချခြင်းများ ပြုလုပ်ထားကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads