ယူကျူ့ဘ်

ဂူဂယ်၏ဗီဒီယိုဝက်(ဘ်)ဆိုက် From Wikipedia, the free encyclopedia

Remove ads

ယူကျူ့ဘ်(အင်္ဂလိပ်: Youtube) သည် ဗွီဒီယိုများအား အင်တာနက်ပေါ်သို့ လွင့်တင်ထားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ပြီး အခမဲ့ကြည့်ရှုနိုင်သည်။ ၎င်းဝက်ဘ်ဆိုဒ်ပေါ်တွင် နည်းပညာဆိုင်ရာများ၊ ဒေသန္တရဗဟုသုတများ၊ သီချင်း၊ ရုပ်ရှင်များအား အများဆုံးတွေ့နိုင်ပြီး လူငယ်များအား ဗဟုသုတများစွာကို ပေးနိုင်သော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သည်။ လတ်တလောအခြေအနေတွင် ယူကျု(ဘ်)အား ဂူဂယ် က ပိုင်ဆိုင်ထားသည်။ ထို့အပြင် ယူကျု(ဘ်)အား ပေးပယ်(လ်)၏ မူလအလုပ်သမား သုံးယောက်မှ ဖေဖော်ဝါရီလ၊ ၂၀⁠၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြသည်။ ၂၀၀၆ ခုနှစ် နိုဝင်ဘာလတွင် ဂူဂယ်က အမေရိကန်ဒေါ်လာ ၁.၆၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။[] ယူကျု(ဘ်)ဝက်ဘ်ဆိုဒ်တွင် အမျိုးမျိုးသော ဗွီဒီယိုဖိုင်များအား လွင့်တင်နိုင်သည့်အပြင်၊ ၎င်းဗွီဒီယိုဖိုင်များအား အခြားသူများအား ဝေမျှနိုင်ခြင်း၊ အမှတ်ပေးခြင်း၊ ကြည့်ရှု့သည်အရေအတွက်ပေါင်းအား မှတ်တမ်းတင်ထားခြင်း၊ ဗွီဒီယိုဖိုင်တွင် ထင်မြင်ချက်များ ချမှတ်နိုင်ခြင်း စသည့် နည်းပညာများကြောင့် ယူကျု(ဘ်)သည် လူကြိုက်များ ကျော်ကြားလှသည်။

အချက်တိုများ စီးပွားရေးအမျိုးအစား, ဝဘ်ဆိုဒ် အမျိုးအစား ...

ယူကျုဘ်အား ကမ္ဘာပေါ်ရှိ စာသင်ကျောင်းအတော်များ⁠များနှင့် အချို့သော နိုင်ငံများက မသင့်လျော်သော ဝက်ဘ်ဆိုဒ်တစ်ခု အဖြစ် ထင်မြင်၍ ပယ်ချခြင်းများ ပြုလုပ်ထားကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads