ယူနိုက်တက် လေကြောင်းလိုင်း
From Wikipedia, the free encyclopedia
Remove ads
ယူနိုက်တက် လေကြောင်းလိုင်း (United Airlines)သည် အမေရိကန်ပြည်ထောင်စု တွင် အခြေစိုက်သော လေကြောင်းလိုင်း တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး လေကြောင်းလိုင်းများတွင် တစ်ခု အပါအဝင်ဖြစ်သည်။ ဝန်ထမ်းပေါင်း ၈၆,၀၀၀ ရှိပြီး လေယာဉ်ပေါင်း ၇၃၈ စင်း ရှိသည်။ ၎င်း၏ ကုမ္ပဏီခွဲမှာ ယူနိုက်တက် ကွန်တီနင်တယ် ဟိုးလ်ဒင်း ဖြစ်ပြီး ကော်ပိုရေးရှင်း၏ ဌာနချုပ်မှာ ရှီကာဂိုမြို့တွင် ရှိပြီး လေကြောင်းလိုင်း အချက်အချာဌာနမှာ ရှီကာဂိုရှိ အိုဟဲ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖြစ်သည်။ ဝါရှင်တန် ဒူးလပ်စ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဒင်န်ဗာ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လော့စ်အိန်ဂျယ်လိစ် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှင့် တိုကျိုမြို့ အနီးရှိ နာရိတ အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့တွင်လည်း ယူနိုက်တက် ၏ အချက်အချာဌာနများ ရှိသည်။ ယူနိုက်တက်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး လေကြောင်းလိုင်း မဟာမိတ် အဖွဲ့ဖြစ်သော စတား အလိုင်းယင့်ကို စတင်တည်ထောင်သူ တစ်ဦးဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၇၀ ကျော်ရှိ လေဆိပ်ပေါင်း ၁,၀၀၀ကျော် သို့ ဆက်သွယ် သွားရောက်နိုင်သည်။
Remove ads
နောက်ထပ်ဖတ်ရှုရန်
- အမေရိကန် လေကြောင်းလိုင်း
- ဂါရူဒါ အင်ဒိုနီးရှား လေကြောင်းလိုင်း
- ဂျပန် လေကြောင်းလိုင်း
- ဗြိတိသျှ လေကြောင်းလိုင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads