အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်

From Wikipedia, the free encyclopedia

အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်
Remove ads

ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ် (IATA: ORDICAO လေဆိပ်ကုဒ်| KORD) သည်ယေဘူယျအားဖြင့် အိုဟဲလေဆိပ်၊ ချီကာဂို အိုဟဲ သို့မဟုတ် အိုဟဲဟူ၍ ခေါ်ဆိုလေ့ရှိကြသည်။ ချီကာဂိုအီလီနွိုင်းပြည်နယ်၊ အနောက်မြောက်ဘက် ၁၇ မိုင် (၂၇ ကီလိုမီတာ) အကွာ ချီကာဂိုမြို့ အနောက်ဘက်ခြမ်းတွင် တည်ရှိသော အဓိက နိုင်ငံတကာလေဆိပ် ဖြစ်သည်။ ချီကာဂိုလေကြောင်းဌာနမှ စီမံကွပ်ကဲ၍ ၇,၆၂၇ ဧက (၃,၀၈၇ ဟက်တာ) ကျယ်ဝန်းသည်။,[] အိုဟဲမှတဆင့် မြောက်အမေရိကတောင်အမေရိကကာရစ်ဘီယံဥရောပအာဖရိကအာရှအိုရှန်းနီးယား နှင့် မြောက်အတ္တလန္တိတ်တို့တွင်ရှိသည့် နေရာပေါင်း ၂၂၈ နေရာသို့ တိုက်ရိုက်သွားနိုင်ပါသည်။[][]

အချက်တိုများ ချီကာဂို အိုဟဲ အပြည်ပြည်ဆိုင်ရာလေဆိပ်, အချက်အလက်များ ...

အိုဟဲလေဆိပ်ကို ချီကာဂို မစ်ဒ်ဝေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဆက်ခံသူအဖြစ် ရည်မှန်းထား၍ တည်ဆောက်ခဲ့ကြသည်။ အိုဟဲသည် ဒေါင့်လားစ် လေယာဉ်ကုမ္ပဏီတွင် C-54 Skymaster စစ်ဘက်သယ်ယူပို့ဆောင်ရေးများအတွက် ဒေါင့်လားစ် လေယာဉ်ကုမ္ပဏီ၏ လေယာဉ်ကွင်းအဖြစ် စတင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်စစ်ပွဲအတွင်း အဒ်ဝေါ့ အိုဟဲသည် အမေရိကန်ရေတပ်၏ ပထမဆုံးသော ဂုဏ်ပြုဆုတံဆိပ်ကို ရရှိခဲ့သူဖြစ်သည်။ ထို့ကြောင့် ဤလေဆိပ် အမည်သည် အိုဟဲဖြစ်သည်။[] ဒုတိယကမ္ဘာစစ်ပြီးနောက် ပထမဆုံး အဓိကလေဆိပ်အဖြစ် စီစဉ်ထားသည့်အတိုင်း အိုဟဲ၏ ဆန်းသစ်သောဒီဇိုင်းသည် နားနေဆောင်များ၊ ဂိတ်များသို့ တိုက်ရိုက်ဝင်ရောက်သည့် အဝေးပြေးလမ်း၊ ဂျက်လေယာဉ်တံတားများ နှင့် မြေအောက်ဆီဖြည့်သည့်စနစ်များကဲ့သို့သော ဆန်းသစ်တီထွင်မှုဆိုင်ရာ အယူအဆများကို အိုဟဲက ရှေ့ဆောင်ခဲ့သည်။[]

Remove ads

စာရင်းအင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads