ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

From Wikipedia, the free encyclopedia

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ
Remove ads

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အင်္ဂလိပ်: Arakan Liberation Party; ALP) သည် မြန်မာနိုင်ငံရှိ ရခိုင် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီ၏ လက်နက်ကိုင်တပ်မှာ ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) ဖြစ်ကာ တပ်ဖွဲ့ဝင် ၇၀၀ မှ ၁,၀၀၀ ကြားရှိသည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ALA သည် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပြီး[] ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။[]

အချက်တိုများ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ, ဥက္ကဋ္ဌ ...
Remove ads

သမိုင်းကြောင်း

၁၉၆၈–၁၉၆၉

၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အကူအညီဖြင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်ကို အတူတည်ထောင်ခဲ့သည်။ ၁၉၆၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ALP ၏ ဗဟိုကော်မတီဝင်ဖြစ်သော ခိုင်ရဲခိုင်နှင့် အခြား ၉ ဦးသည် စစ်တွေမြို့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၆၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပါတီ၏ အထွေထွေ အတွင်းရေးမှူး ခိုင်စိုးနိုင်ကို ရသေ့တောင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက်တွင် ALP ခေါင်းဆောင်အများအပြား ထပ်မံဖမ်းဆီးခံခဲ့ရကာ ပုဒ်အမျိုးမျိုးဖြင့် တရားစွဲဆိုခံခဲ့ရခြင်းကြောင့် ALA နှင့် ALP တို့ ပြိုကွဲခဲ့သည်။[]

၁၉၇၁–၁၉၇၇

၁၉၇၁-၇၂ ကာလတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဖြစ်သော ခိုင်မိုးလင်း လွတ်မြောက်လာပြီးနောက် ရခိုင်လွတ်မြောက်ရေးပါတီကို ပြန်လည်စတင်နိုင်ရန်အတွက် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ KNU ၏ အကူအညီဖြင့် ALP ကို ပြန်လည်ထူထောင်ခဲ့ရာတွင် စစ်သည် ၃၀၀ ခန့်ကို သင်တန်းပေးခဲ့ပြီး ခိုင်မိုးလင်းသည် ALA ၏စစ်ဦးစီးချုပ်နှင့် ALP ၏ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။[] အိန္ဒိယနှင့် မြန်မာ စစ်တပ်တို့နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ကျရှုံးခဲ့ပြီးနောက် ပါတီအဖွဲ့ဝင် အများအပြား ဖမ်းဆီးခံခဲ့ရကာ ALP ၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ရပြန်သည်။[]

၁၉၈၀–လက်ရှိ

၁၉၈၀ ခုနှစ်တွင် ALA နှင့် ALP အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။ ၁၉၈၁ ခုနှစ်တွင် KNU ၏ အကူအညီဖြင့်ပင် ALA နှင့် ALP ကို ပြန်လည်ဖွဲ့စည်းခဲ့ကာ ခိုင်ရဲခိုင်က ဦးဆောင်ခဲ့သည်။ ALP သည် လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ မြန်မာဒီမိုကရေစီမဟာမိတ် (DAB)နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) တို့နှင့် မဟာမိတ်ဖြစ်သည်။[]

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ALP သည် အခြားသော လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။[]

Remove ads

ပါတီတွင်း ပဋိပက္ခများ

၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ပါတီဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းသည် ပါတီဥက္ကဋ္ဌတာဝန်ကို ရယူလိုက်ပြီး ပါတီကို ပြန်လည်ဖွဲ့စည်းသည်။ ဒေါ်စောမြရာဇာလင်းသည် သူ့သဘောနှင့်သူ ပါတီကို ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်ဟု ပါတီအတွင်းရေးမှူး ခိုင်ကျော်ခိုင်က ဆိုသည်။[] ဒေါ်စောမြရာဇာလင်းသည် ပါတီစည်း မျဉ်းစည်းကမ်းများအား ချိုးဖောက်ခြင်းကြောင့် ပါတီမှ ယာယီ ထုတ်ပယ်ကြောင်း မတ်လ ၂၁ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ထုတ်ပြန်ခဲ့သည်။[]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads