အမျိုးသား ဒီမိုကရေစီ အင်အားစု
From Wikipedia, the free encyclopedia
Remove ads
အမျိုးသားဒီမိုကရေစီအင်အားစု (အင်္ဂလိပ်: National Democratic Force, အတိုကောက်: NDF) သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင် ကော်မတီဝင်ဟောင်းများက ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်း ထူထောင်ထားသည့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ဥက္ကဋ္ဌ မှာဒေါက်တာ သန်းငြိမ်း ဖြစ်သည်။[၁] ဗဟိုဌာနချုပ်မှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် တည်ရှိသည။
Remove ads
၂၀၁၀ ေရွးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့တွင်ကိုယ်စာလှယ်အချို့အနိုင်ရခဲ့ပြီးလယ်ယာမြေကိစ္စများ၊ စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့်ကိစ္စရပ်များ၊ဆက်သွယ်ရေးဥပဒေကြမ်းတင်သွင်းခြင်း၊ လုပ်ခလစာ တိုးမြင့်သက်မှတ်နိုင်ရန်တင်ပြခြင်း၊ ခေတ်နှင့်လျော်ညီအောင် ပင်စင်လစာသက်မှတ်ပေးရန်တောင်းဆိုပေးခြင်း၊ အမျိုးသမီး မီဖွားခွင့် ၆လ ရရှိအောင်တောင်းဆိုပေးခြင်း အစရှိသည့် ကိစ္စရပ်များကို လွှတ်တော်တွင်းဆောင်ရွက်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းများတွင်းလည်း ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေမှာ ခေါင်းဆောင် ၁၆ဦးတွင်ပါဝင်ဆောင်ရွက်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စာလှယ်မရရှိခဲ့သော်လည်း ဒီမိုကရေစီနည်းအရ မြန်မာ့နိုင်ငံအရေးရှေ့ရှုပြီး ရွေးကောက်ခံ အစိုးရ၏ အမှားများပြုပြင်ပြောင်းလဲနိုင်ရန့် ကန့်ကွက်သည့် ကြေညာချက်များထုတ်ပြန်၍ ပြည်သူ့နှင့်တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး တို့ကို ဖော်ဆောင်နိုင်ရန်ရည်ရွယ်ပြီး လွှတ်တော်တွင်း ဥပဒေပြုနိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
Remove ads
််ေေကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads