ရင်းမူကုန်းရွာ၊ ရွှေတောင်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ရင်းမူကုန်းရွာ (အင်္ဂလိပ်: Yinmukone)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်ခရိုင်ရွှေတောင်မြို့နယ်ယင်းမူကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၂၆၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ယင်းမူကုန်းကျေးရွာအုပ်စုတွင် ကျား ၂၀၀၃ ဦး၊ မ ၂၂၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၄၂၇၁ ဦးနေထိုင်သည်။[] မိသားစုရပ်ကွက်၊ မြသီတာရပ်ကွက်၊ မြသီရိရပ်ကွက်၊ တောင်စု၂ရပ်ကွက်၊တောင်စု၁ရပ်ကွက်၊ ဝန်ကြီးကုန်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သုနန္ဒာရပ်ကွက် ရပ်ကွက်၈ခုဖြင့်တည်ရှိသည်။ ကျွေးရွာအုပ်စုသံဃမဟာနာယကအဖွဲ့ရုံးစိုက်ရာ အုပ်စုရွာဖြစ်သည်။ ဧရာဝတီမြစ်၏ မြေဩဇာပို့ချမှူကို အခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးမြူကြသည်။ စိုက်ပျိုးသောသီးနှံများမှာ ပဲအမျိုးမျိုး၊ သစ္စာပန်း၊ ခရမ်းချဉ်၊ ငရုတ်၊ ပြောင်း စသည်ဖြင့်စိုက်ပျိုးကြသည်။ ထင်ရှားသောနေရာများမှာ ပြည်လုံးချမ်းသာစေတီတော်၊ အောင်ဓမ္မသိဒ္ဓိစေတီတော်တို့ဖြစ်သည်။ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများမှာ ဓမ္မဝိဟာရဓမ္မာရုံကျောင်း၊ ဇေယျသုခကျောင်း တို့ဖြစ်သည်။ အခြေခံပညာအထက်တန်းကျောင်းနှင့် အမက တောင်စု ကျောင်းတည်ရှိသည်။ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နှင့်နီးစပ်လျက်ရှိသည်။

အချက်တိုများ ယင်းမူကုန်း, ယင်းမူကုန်းရွာ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads