ရဋ္ဌနန္ဒက (ဆင်)
From Wikipedia, the free encyclopedia
Remove ads
ရဋ္ဌနန္ဒက(ပါဠိ: Rattha Nandaka)သည် ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၃)ရက် နံနက် (၆:၃၀)တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ အသက် (၃၃)နှစ်အရွယ်ဆင်မကြီး ဇာနန်းလှမှပေါ်ထွန်းခဲ့သော ဆင်ဖြူတော်ဖြစ်သည်။ မွေးဖွားချိန်တွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။ ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာရှစ်ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ ဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း ငါးခုစီနှင့် နောက်ခြေသည်းလေးခုစီပါရှိခြင်း၊ နားကြီးခြင်း စသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ခုနစ်ချက်ကိုက်ညီသည်။[၁][၂]
၎င်းအား မိခင်နှင့်အတူ နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်ရင်းရှိ ဆင်ဖြူတော်များထားရာသို့ ခေါ်ဆောင်ခဲ့ပြီး ၂၀၂၂ခုနှစ် အောက်တိုဘာ (၃၀)ရက်နေ့တွင် ဘွဲ့နာမည်ပေးခဲ့သည်။ ရဋ္ဌနန္ဒက၏အဓိပ္ပါယ်မှာ ရဋ္ဌ=တိုင်းပြည်၊ နိုင်ငံ ဖြစ်ပြီး နန္ဒက=ချစ်ခင်မြတ်နိုးခြင်း၊ သာယာပျော်ရွှင်ခြင်း ဖြစ်သည်။ မြန်မာ အဓိပ္ပာယ် အပြည့်အစုံ မှာ တိုင်းပြည်ကချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏သာယာဝပြော ပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းပေးမည့် ဆင်ဖြူရတနာ ဟု အဓိပ္ပါယ်ရသည်။ ဘွဲ့နာမည်ပေးပွဲသို့ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့သည်။
ရဋ္ဌနန္ဒကဆင်ဖြူတော်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်းထားချိန်၌ ပေါ်ထွန်းလာခြင်းဖြစ်သဖြင့် စစ်အစိုးရ၏ အတိုက်အခံသတင်းများက ဝေဖန်ခြင်း ခံခဲ့ရသည်။ မြန်မာဘုရင်များလက်ထက်တွင် ဆင်ဖြူတော်သည် နိုင်ငံရေးဩဇာလက္ခဏာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြခြင်းကြောင့်လည်း ဖြစ်ကာ နစက၏ အိမ်စောင့်အစိုးရအတွက် ရှားပါးသောအကောင်းမြင်စရာအချက်တစ်ခုအနေဖြင့် ဖန်တီးခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။ ထို့အပြင် ဤဆင်ဖြူတော်၏သတင်းသည် အစိုးရသတင်းစာများတွင် ပုံမှန်နေရာယူလေ့ရှိသည်။[၃]
Remove ads
အထိမ်းအမှတ်များ
နစက၏ အိမ်စောင့်အစိုးရသည် ဤဆင်ဖြူတော်အား အထူးအလေးပေးသည့်အားလျော်စွာ နိုင်ငံ၏ အထိမ်းအမှတ်များတွင် ဤဆင်ဖြူတော်ပုံအား အသုံးပြုခဲ့သည်။
စိန်ရတုလွတ်လပ်ရေးနေ့ အထူးထုတ်တံဆိပ်ခေါင်း
၂၀၂၃ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အဖိမ်းအမှတ် အထူးထုတ်တံဆိပ်ခေါင်းတွင် ရဋ္ဌနန္ဒက ဆင်ဖြူတော်ပုံအား ရိုက်နှိပ်ခဲ့သည်။ လွတ်လပ်ရေးနှင့် မည်သို့မျှမဆက်စပ်သော ဆင်ဖြူတော်ပုံအား စိန်ရတုလွတ်လပ်ရေးနေ့ကဲ့သို့သော အထူးထုတ်တံဆိပ်ခေါင်းတွင် ရိုက်နှိပ်ခဲ့သည့်အတွက် တံဆိပ်ခေါင်းစုဆောင်းသူများအကြား ဝေဖန်ခံခဲ့ရသည်။[၄]

စိန်ရတုလွတ်လပ်ရေးအထိမ်းအမှတ် ရွှေဒင်္ဂါးပြားများ
(၇၅)နှစ်မြောက် ရွှေရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ရောင်းချသည့် တစ်ကျပ်သားနှင့် ငါးမူးသား ရွှေဒင်္ဂါးပြားများပေါ်တွင် ရဋ္ဌနန္ဒက၏ပုံကို ရိုက်နှိပ်ခဲ့သည်။[၅]
၂၀,၀၀၀ ကျပ်တန် ငွေစက္ကူ
နစက၏ အိမ်စောင့်အစိုးရသည် အာဏာသိမ်းပြီးချိန်မှစ၍ နေပြည်တော်၌ ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူရုပ်ပွားတော်နှင့် ဗုဒ္ဓဥယျာဉ်အား တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံအား ထေရဝါဒဗုဒ္ဓဘာသာ ဗဟိုချက်ဖြစ်စေရန်ဟုဆိုကည တည်ဆောက်ခဲ့သည့် စီမံကိန်း ပြီးစီးခြင်းနှင့် ရဋ္ဌနန္ဒကဆင်ဖြူတော် တစ်နှစ်ပြည့်ဟုဆိုကာ ငွေစက္ကူအသစ် ထုတ်ဝေခဲ့သည်။ ၂၀,၀၀၀ ကျပ်တန်ငွေစက္ကူမှာ အစိမ်းနုရောင်ဖြစ်ပြီး အရှေ့ဘက်တွင် ရဋ္ဌနန္ဒက၏ပုံ ပါဝင်သည်။[၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads