ရတနာပုံသင်္ဘောကျင်း
From Wikipedia, the free encyclopedia
Remove ads
ရတနာပုံသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလက်အောက်ရှိ သင်္ဘောကျင်းတစ်ခုဖြစ်သည်။
သမိုင်းကြောင်း
ရတနာပုံသင်္ဘောကျင်းသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ကမ်းနားလမ်းနှင့် ၄၁ လမ်းတွင် တည်ရှိသည်။ ၁၈၅၃ခုနှစ်တွင် ရတနာပုံသင်္ဘောကျင်းအမည်ဖြင့် စတင်တည်ရှိခဲ့သည်။ ၁၈၆၄ တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီးမှ တည်ဆောက်ခဲ့ပြီး မင်းတုန်းမင်း၏ ရေယာဉ်များကို ပြင်ဆင်ရာတွင် အသုံးပြုခဲ့သည်။ ၁၈၈၅ ခုနှစ်မှစပြီး ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီမှ လွှဲပြောင်းရယူခဲ့ကာ ၁၉၄၈ ခုနှစ်တွင် မြန်မာအစိုးရမှ ပြန်လည်ရယူခဲ့သည်။ ထိုနှစ် ဇွန်လ ၁ ရက်နေ့တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် အစိုးရပိုင်အဖွဲ့အစည်းဖြစ်လာပြီး ရတနာပုံသင်္ဘောကျင်းသည် ထိုအောက်တွင် ပါဝင်ခဲ့သည်။
ရေယာဉ်များအနေဖြင့် ပြပြင်ရာတွင် ရန်ကုန်မြို့ အလုံနှင့် ဒလသင်္ဘောကျင်းများသို့ ပို့ဆောင်ရသဖြင့် ငွေကုန်ကြေးကျများသဖြင့် ရတနာပုံသင်္ဘောကျင်းအား အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တန် ၃၀၀ တင်နိုင်သည့် တစ်ကြိမ်လျှင် ရေယာဉ် ၅ စင်း ပြုပြင်နိုင်သည့် သင်္ဘောကျင်းဖြစ်လာသည်။ ယခုအခါတွင် ဧရာဝတီဌာနခွဲရှိ စက်ရှိ/စက်မဲ့ယာဉ်များအားလုံးကို ပြုပြင်ပေးလျက်ရှိသည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads