ဗထူး အားကစားကွင်း

အားကစားကွင်း From Wikipedia, the free encyclopedia

ဗထူး အားကစားကွင်း
Remove ads

ဗထူးအားကစားကွင်း (အင်္ဂလိပ်: Bahtoo Stadium) သည် ဘက်စုံသုံး အားကစားပြိုင်ကွင်း တစ်ခု ဖြစ်ပြီး မန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်တွင် တည်ရှိသည်။ ယခင်က ယူဘီအေအေ(UBAA) အထက်ဗမာနိုင်ငံ အားကစားကွင်းဟု ခေါ်ပြီး နောင်တွင် ဖက်ဆစ် ဂျပန်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဗထူး နာမည်ကို ဂုဏ်ပြုမှည့်ခေါ်ထား၍ ဗထူး အားကစားကွင်းဟု အမည်တွင်လာသည်။

အချက်တိုများ ယခင်အမည်, လိပ်စာ ...

ပရိသတ် ၁၇၀၀၀ ကျော် ဝင်ဆန့်ပြီး အထက်မြန်မာနိုင်ငံ၏ အဓိက အားကစားပြိုင်ကွင်း တစ်ခု ဖြစ်ခဲ့သည်။ မြို့ခံများက ဗထူးကွင်းဟု ခေါ်ဆိုကြသည်။ ဗထူးကွင်းသည် မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲဝင် ရတနာပုံ ဘောလုံး အသင်း၏ အိမ်ကွင်းလည်း ဖြစ်သည်။

Thumb
၂၀၂၀ပြည့်နှစ်တွင်​တွေ့ရ​သော ဗထူးကွင်း

ဗထူးကွင်းတွင် ပြည်တွင်း ဘောလုံးပြိုင်ပွဲများ အဓိကထား ကျင်းပလေ့ရှိပြီး ပြည်ပ ဘောလုံးပြိုင်ပွဲအနေဖြင့် ၂၀၀၆ ခုနှစ်က ဂရန်းရွိုင်ရယ် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ (မြန်မာ) ကို လက်ခံကျင်းပခဲ့သည်။[]

Remove ads

သမိုင်း​ကြောင်း

မန္တ​လေးမြို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်အပြီး ၁၈၈၅ခုနှစ် ဒီဇင်ဘာလ ၁၅ရက်​နေ့တွင် ​ကော်မရှင်နာမင်းကြီးက မြို့ပြအုပ်ချုပ်​ရေး​အောက်သို့ လွှဲ​ပြောင်းယူကာ လက်​ထောက်​ကော်မရှင်နာ​အောက်တွင် ထားသည်။၁၈၈၇ခုနှစ်တွင် မြူနီစီပယ်ကိုဖွဲ့ကာ မြို့ပြကိစ္စများကို တစ်ဆင့်ပြီးတစ်ဆင့် ​ဆောင်ရွက်ခဲ့သည်။၁၈၉၀ ဝန်းကျင်ခန့်က နန်းမြို့ရိုး​တောင်ဘက် ကျွန်းလုံးယူတံခါးနှင့် ​ကျော်မိုးတံခါးကြား ပြအိုးမှ သုံးပြအကွာ ပတ်ကုန်းဝန်းကျင်ရပ်ကွက်အတွင်းရှိ ​တစ်ပြပတ်လည် ​မြေကွက်လပ်ကြီးကို သွပ်များ ကာရံလိုက်သည်။ ထိုအထဲတွင် အင်္ဂလိပ်စစ်သားများ ​ဘောလုံးကန်ကြသည်။ ထိုအချိန်မှသာ မြို့ခံလူထုမှာ ​​ဘောလုံးကစားခြင်းကို မြင်ဖူးကြသည်။ မန္တ​လေး​တောင်​ခြေတွင် တပ်စွဲထား​သော ​ဂေါ်ရာတပ်မှ တပ်သားများက တပ်တွင်း ကန်ရုံမျှမက ​မေမြို့တွင် တပ်စွဲထား​သော စစ်သားများနှင့် အချိန်းအချက်ပြု၍ ကန်ကြသည်။ သို့​သော် ​ဒေသခံမြန်မာများမှာ စိတ်မဝင်စားဘဲ ခြင်းခတ်ခြင်း၊ လက်​​ဝှေ့ထိုးခြင်း၊ အ​ပြေးပြိုင်ခြင်း စသည့်ရိုးရာအားကစားနည်းများသာ စိတ်ဝင်စားကြသည်။

မန္တ​လေးအ​ရေးပိုင် မျက်နှာဖြူများက ရန်ကုန်တွင် မြန်မာများလည်း ​ဘောလုံးကစား​နေခဲ့ပြီးဖြစ်ရာ မန္တလေးတွင်လည်း မြန်မာများက ၎င်းတို့ကို ဆန့်ကျင်လိုစိတ်များ မဖြစ်လာ​စေရန် ​ဘောလုံးကစားနည်းကို စိတ်ဝင်စားရန် လိုအပ်လာသည်။ ထို့​ကြောင့် ရန်ကုန်စိန့်ဂျွန်း​ကောလိပ်မှ ​ဘောလုံးကန်​တော်​သော မြန်မာများကို မန္တ​လေးအ​ရေးပိုင်မှ ​ခေါ်ယူလိုက်သည်။ ထို​ကျောင်းသားအချို့မှာ ​စာမ​တော်​သော်လည်း အားလုံးကို အ​ရေးပိုင်ရုံးတွင် စာ​ရေးခန့်ထားလိုက်သည်။

မြန်မာများက ကိုယ်တိုင်​ဘောလုံးကန်သဖြင့် မြို့ခံလူထုမှာ စိတ်ဝင်စားလာရာ အ​ရေးပိုင်ရုံးက မြန်မာအသင်းကို အရပ်သားအသင်းဟုအမည်​ပေးလိုက်ကြသည်။ ရုံးသင်းဟုလည်း ​ခေါ်ကြသည်။

ထိုအသင်းများ ​ဘောလုံးကန်ရာ ပတ်ကုန်းဝန်းကျင်အရပ်ရှိ ​မြေကွက်လပ်ကြီးကို အထက်ဗမာနိုင်ငံအားကစားကွင်း (Upper Burma Athletics Association- UBAAကွင်း)ဟု ​ခေါ်ခဲ့ကြသည်။[]

အိမ်​စောင့်အစိုးရလက်ထက်တွင် UBAAကွင်းမှ ဗထူးကွင်းအဖြစ် ဥတ္တရတိုင်းမှူး ဦးချစ်​အုန်း၏ ညွှန်ကြားမှုဖြင့် ​ပြောင်းခဲ့သည်။[]UBAA​ခေတ်က အ​နောက်ဘက်ရှိ မင်ဘားတန်း​ဟုခေါ်​သော ​နေရာ၌သာ သစ်သားပွဲကြည့်စင်ရှိခဲ့ရာမှ အမိုးနှင့် အုတ်ခုံပွဲကြည့်စင်များ တစ်ခုပြီးတစ်ခုတိုးလာသည်။ အ​ရှေ့ဘက်၊ ​တောင်ဘက်နှင့် ​မြောက်ဘက်တွင်လည်း သစ်သားပွဲကြည့်စင်များ ​ဆောက်လုပ်ခဲ့သည်။

Thumb
၂၀၁၉ခုနှစ်က ဗထူးကွင်း၌ ယှဉ်ပြိုင်​သော ရတနာပုံ​ဘောလုံးအသင်း၏ပွဲစဉ်

ဗထူးကွင်းကို ၁၉၆၆ခုနှစ်ဝန်းကျင် ​ကျောင်းသားပွဲ​တော်များကျင်းပစဉ်က ပွဲကြည့်စင်များပြင်ဆင်ခဲ့သည်။၁၉၇၂ခုနှစ် တိုင်းနှင့် ပြည်နယ်​ဘောလုံးပြိုင်ပွဲများ ကျင်းပရာတွင် ပွဲကြည့်စင်များ တိုးချဲ့ခဲ့၏။ ထို့​နောက် အ​ထွေ​ထွေမြို့ပြစီမံကိန်းများ​ကြောင့် မန္တ​လေးမြို့၏ ဒုတိယတန်းစား​ဘောလုံးကွင်းများ ​ပျောက်ကွယ်သွားရသည်။၂၀၀၇ခုနှစ်တွင် မီး​မောင်းကြီးများ တပ်ဆင်ခဲ့သည်။၂၀၀၉ခုနှစ် မြန်မာ​နေရှင်နယ်လိဂ်စတင်ချိန်တွင် မန္တ​လေးတိုင်းကိုယ်စားပြု ရတနာပုံ​ဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ် အသုံးပြုခဲ့သည်။၂၀၁၃တွင် မန္တလာသီရိကွင်းအသစ်​ပေါ်​ပေါက်လာခဲ့​သော်လည်း မန္တ​လေးမြို့၏ အ​ရေးပါလှ​သော အားကစားကွင်းအဖြစ် ဆက်လက်တည်ရှိ​နေဆဲဖြစ်သည်။[]

Remove ads

ပြင်ဆင်ခြင်း

၂၀၁၉ခုနှစ်တွင် နှစ်​ပေါင်း၁၂၀ဝန်းကျင် သက်တမ်းရှိပြီဖြစ်​သော ဗထူးအားကစားကွင်းကို ​​မေလမှစတင်ကာ ငွေကျပ် သိန်း၁၈၀၀​အကုန်အကျခံ၍ အကြီးစားပြုပြင်​ခဲ့သည်။[]

Thumb
ဗထူးကွင်းအား ၂၀၂၂ခုနှစ်တွင် ​တွေ့ရစဉ်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads