ရန်ကုန်ကွန်ပျူတာတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (University of Computer Studies, Yangon− (UCSY))သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်အနီး အမှတ်(၄)လမ်းမကြီးဘေးတွင် တည်ရှိသည်။
Remove ads
ရည်ရွယ်ချက်
ကွန်ပျူတာတက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်မြောက်လာစေရန် စီမံဆောင်ရွက်လျက်ရှိသည်။ စီမံချက်ပြီးဆုံးသည့်အခါတွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များအဖြစ် ကွန်ပျူတာပညာရှင်များမွေးထုတ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
(က) ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားပို့ချနေသော ကွန်ပျူတာပညာရပ်များ၏ အရည်အသွေးမြင့်တင်ရန်
(ခ) ကွန်ပျူတာတက္ကသိုလ်၏ သင်ရိုးနှင့် သင်ကြားနည်းများကို ခေတ်နှင့်အညီ စဉ်ဆက်မပြတ် လေ့လာသုံးသပ် အကောင်အထည်ဖော်ရန်
(ဂ) လူ့အရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် ထိရောက်သော IT နည်းပညာအသုံးပြုလားစေရေးအတွက် သုတေသနများပြုလုပ်ရန်
(ဃ) ထူးချွန်စေသော IT ပညာရှင်များပြုစုပျိုးထောင်နိုင်စေရေးအတွက် IT ဌာနများ၏ အရည်အသွေး မြှင့်တင်ရန်
(င) လူ့အရင်းအမြစ် ပြုစုပျိုးထောင်ရာတွင် အသက်မွေးဝမ်းကျောင်းအဆင့် IT နည်းပညာလေ့လာရေးလုပ်ငန်းများဆောင်ရွက်ရန်
Remove ads
နောက်ခံသမိုင်းကြောင်း
၁၉၇၁ ခုနှစ်တွင် ပါရမီလမ်း၊ လှိုင်မြို့နယ်၌ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အား တက္ကသိုလ်များကွန်ပျူတာဌာန(UCC) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ရန်ကုန် တက္ကသိုလ် သင်္ချာဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိခဲ့သည်။ တက္ကသိုလ်များကွန်ပျူတာဌာနအဆင့်မှ တက္ကသိုလ်အဆင့်သို့ ၁၉၈၇ ခုနှစ် မတ်လ (၂၉)ရက်တွင် တိုးမြှင့်ခဲ့ပြီး၊ မြန်မာအမည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ဟုလည်းကောင်း၊ အင်္ဂလိပ်အမည် “Institute of Computer Science & Technology (ICST)” ဟု လည်းကောင်း ခေါ်တွင်ခဲ့သည်။ ၁၉၉၈ခုနှစ်၊ ဇွန်လ (၁)ရက်တွင် “University of Computer Studies, Yangon (UCSY)” အမည်သို့ ထပ်မံပြောင်းလဲခဲ့သည်။ ၁၉၉၇ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အား ပညာရေးဝန်ကြီးဌာနအောက်မှ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့သည်။ ကျောင်းသားဦးရေ တိုးတက်လာသဖြင့် ၂၀၀၀ ပြည့်နှစ်တွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အပြင် ရွှေပြည်သာမြို့နယ်တွင် ကျောင်းသစ်တစ်ကျောင်း တိုးချဲ့တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်တွင် ရွှေပြည်သာမြို့နယ်ရှိ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကို စတင်ဖွင့်လှစ် ခဲ့သည်။ [၁]
Remove ads
ပေးအပ်သောဘွဲ့များ
ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ၁၉၈၆ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သော်လည်း မဟာဘွဲ့များကိုမူ ၁၉၇၃ ခုနှစ်ကတည်းက အပ်နှင်းခဲ့သည်။ ပါရဂူဘွဲ့သင်တန်းကို ၂၀၀၁ ခုနှစ်၊ မေလ (၁)ရက်နေ့တွင်စတင်ခဲ့သည်။ [၂]
ဤတက္ကသိုလ်မှ အပ်နှင်းသော ပထမဘွဲ့များမှာ
- B.C.Sc (Knowledge Engineering)
- B.C.Sc (Software Engineering)
- B.C.Sc (Cyber Security and Forensics)
- B.C.Sc (Business Information Systems)
- B.C.Tech (Embedded Systems)
- B.C.Tech (Computer Communication and Networks)
ဤတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့လွန်ဒီပလိုမာ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ များမှာ
- Ph.D (IT)
- M.C.Sc (Knowledge Engineering)
- M.C.Sc (Software Engineering)
- M.C.Sc (Cyber Security and Forensics)
- M.C.Sc (Business Information Systems)
- M.C.Tech (Embedded Systems)
- M.C.Tech (Computer Communication and Networks)
- D.C.Sc (ဘွဲ့လွန်ကွန်ပျူတာဒီပလိုမာသိပ္ပံဘွဲ့)
- D.C.A (ဘွဲ့လွန်ကွန်ပျူတာအသုံးချဒီပလိုမာသိပ္ပံဘွဲ့)
ဤတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့ကြိုဒီပလိုမာများမှာ
- Dip.C.S (ကွန်ပျူတာဒီပလိုမာဘွဲ့)
- Dip.C.M (ကွန်ပျူတာအသုံးချမှုဒီပလိုမာဘွဲ့)
- A.Dip.C.S (အဆင့်မြင့်ကွန်ပျူတာဒီပလိုမာဘွဲ့)
- A.Dip.C.M (အဆင့်မြင့်ကွန်ပျူတာအသုံးချမှုဒီပလိုမာဘွဲ့)
အားလုံးသောပညာရပ်များအတွက် ပညာသင်နှစ် တစ်နှစ်စီကို ကာလ (၂)ခု ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီတွင် သင်ကြားရေးနှင့် လက်တွေ့လုပ်ဆောင်မှုအတွက် (၁၈)ပတ်စီ ပိုင်းခြားထားသည်။ သင်တန်းကာလတစ်ပိုင်းစီအဆုံးတွင် စာမေးပွဲများကို ကျင်းပပါသည်။ အကဲဖြတ်မှု တစိတ်တပိုင်းအနေဖြင့် ကျောင်းခေါ်ချိန်၊ နည်းပြတန်းများနှင့် လက်တွေ့လုပ်ဆောင်မှု၊ အတန်းတွင်းတာဝန်များကိုပါ ထည့်သွင်းစဉ်းစားပါသည်။
ပါမောက္ခချုပ်များ
ပါဝင်ဖွဲ့စည်းမှု
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်ကို ပါမောက္ခချုပ်မှ ဦးဆောင်ကွပ်ကဲပြီး စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဟူ၍ ဖွဲ့စည်းထားသည်။ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဘာသာရပ်အလိုက် စီမံခန့်ခြွမှုဆိုင်ရာ ဌာနမှူးများသည် အဖွဲ့ဝင်များဖြစ်သည်။
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ သိပ္ပံနှင့်နည်းပညာနယ်ပယ်တွင် သင်ကြားရေးဌာန (၄)ခုရှိသည်။ ၎င်းတို့မှာ
- ပရိုဂရမ်နည်းပညာဌာန (Department of Software Technology)
- စက်နည်းပညာဌာန (Department of Hardware Technology)
- သုတသိပ္ပံဌာန (Department of Information Science)
- တွက်ချက်ရေးသင်္ချာဌာန (Department of Computational Mathematics)
တို့ဖြစ်သည်။
ထို့အပြင် အထောက်အကူပြု သင်ကြားရေးဌာန (၃)ခုဖြင့်လည်း ပံ့ပိုးပေးလျက်ရှိသည်။ ၎င်းတို့မှာ
အောက်ပါဌာနများသည် ကွန်ပျူတာအသုံးချမှုသုတေသနတို့နှင့် ဆက်စပ်လျက်ရှိသည်။
- အသုံးချဌာန (Department of Application)− သိပ္ပံနယ်ပယ်ဆိုင်ရာတွင် ကွန်ပျူတာအသုံးချမှုနှင့်ပတ်သက်၍ဆောင်ရွက်သည်။ ထို့အပြင် စီးပွားရေးနယ်ပယ်တွင် ကွန်ပျူတာအသုံးချမှုနှင့် ပတ်သက်၍ဆောင်ရွက်သည်။
- သုတေသနနှင့် တီထွင်ဖွံ့ဖြိုးရေးဌာန (Department of Research and Development) − ကွန်ပျူတာသိပ္ပံဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံသုတေသနလုပ်ငန်းများကို ဆောင်ရွက်သည်။
Remove ads
စာကြည့်တိုက်ပိုင်းဆိုင်ရာများ
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်စာကြည့်တိုက်တွင် စာအုပ်ပေါင်းတစ်သောင်းကျော်ထားရှိသည်။ နိုင်ငံတကာမှ ထုတ်ဝေသော စာနယ်ဇင်းများလည်းရှိသည်။ ကွန်ပျူတာတက္ကသိုလ်များတွင် ခေတ်မီစာအုပ်စာတမ်းများ ပြည့်စုံသောစာကြည့်တိုက်များ ထားရှိပေးနိုင်ရန် စီမံချက်ဖြင့်ဆောင်ရွက်လျက်ရှိသည်။ စီမံချက်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာဂျာနယ်များ၊ စာအုပ်များအား အချိန်နှင့် တစ်ပြေးညီ ဝယ်ယူဖြည့်ဆည်းပေးလျက်ရှိသည်။
ထို့အပြင် ပါရဂူဘွဲ့သင်တန်းသားများနှင့် မဟာဘွဲ့သင်တန်းသားများအတွက် ဘာသာရပ်ဆိုင်ရာမှီငြမ်းပြုစုရန် အချက်အလက်များကို အင်တာနက်မှရှာဖွေပေးခြင်းများပြုလုပ်ပေးလျက်ရှိ သည်။ ထိုကဲ့သို့ ဘာသာရပ်ဆိုင်ရာအချက်အလက်များကို အင်တာနက်မှပိုမိုရှာဖွေပေးနိုင်ရန် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် အင်တာနက်တပ်ဆင်ထားရှိ ဆောင်ရွက်လျက်ရှိသည်။
ဘာသာရပ်ဆိုင်ရာမှီငြမ်းပြုအချက်အလက်များကို ခေတ်မီနည်းစနစ်များဖြင့် ထားရှိခြင်းဖြစ်သော Digital Library ထူထောင်ခြင်းလုပ်ငန်းကိုလည်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိသည်။ Digital Library နှင့် အင်တာနက်တို့ကို အသုံးပြုခြင်းအားဖြင့် သုတေသနလုပ်ငန်းများအတွက် လိုအပ်သော မှီငြမ်းအချက်အလက်များကို လွယ်လင့်တကူ ရှာဖွေ အသုံးပြုနိုင်မည်ဖြစ်သည်။
Remove ads
ကွန်ပျူတာဆိုင်ရာများ
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သည် ပညာရေးလိုအပ်ချက်များနှင့် သုတေသနလုပ်ငန်းများအတွက် ကွန်ပျူတာပိုင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရန် ကွန်ပျူတာများစွာကိုထားရှိ သည်။ IBMကွန်ပျူတာများနှင့် Alpha server (Digital) နှင့် IBM မီနီကွန်ပျူတာ AS/400 တို့ကဲ့သို့သော အဆင့်မြင့် ကွန်ပျူတာကွန်ယက် (၂)ခုလည်းရှိသည်။ ထို့အပြင် Fibre Optic လိုင်းနှင့် အင်တာနက်အသုံးပြုခွင့်ရရှိနေပြီဖြစ်သည်။
ကိုးကားကျမ်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads