ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်
၂၀၀၂ခုနှစ်တွင်စတင်တည်ထောင်သောတက္ကသိုလ် From Wikipedia, the free encyclopedia
Remove ads
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (အင်္ဂလိပ်: West Yangon University) သည် ရန်ကုန်တိုင်းဒေသကြီး၏ အနောက်ဘက်၊ လှိုင်မြစ် အနောက်ဘက်ကမ်း ထန်းတပင်မြို့နယ် တွင် တည်ရှိသည်။

Remove ads
သမိုင်းကြောင်း
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကို ၈၈၈၈ လူထုဆန္ဒပြပွဲ ပေါ်ပေါက်ပြီးနောက် ရန်ကုန်တက္ကသိုလ်အား ပိတ်လိုက်ပြီးနောက် ၁၄ နှစ်အကြာ ၂၀၀၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ပိုင်ဆိုင်မှု
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သည် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အစိုးရပိုင်တက္ကသိုလ် တစ်ခုဖြစ်ပြီး အခွန်ငွေဖြင့် ရပ်တည်သည်။
ကျောင်းအုပ်ကြီးများ
လက်ရှိရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၏ ပါမောက္ခချုပ်မှာ ဒေါက်တာ တင်မောင်ထွန်း ဖြစ်ပြီး၊ ဒုတိယပါမောက္ခချုပ်မှာ ဒေါက်တာ စိုးစိုးအေး(သင်ကြားရေး) နှင့်ဒေါက်တာ အေးအေးခိုင်(စီမံ) ဖြစ်သည်။
ဌာနများ
အဓိကအားဖြင့် သင်ကြားရေး ဌာန နှင့်စီမံရေး ဌာန ဟူ၍ (၂)ပိုင်း ရှိသည်။
သင်ကြားရေး ဌာနများ
သင်ကြားရေးဌာန (၁၄) ခုရှိပြီး ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- မြန်မာစာ ဌာန
- အင်္ဂလိပ်စာ ဌာန
- ပထဝီ ဌာန
- သမိုင်း ဌာန
- သင်္ချာ ဌာန
- သတ္တဗေဒ ဌာန
- ရုက္ခဗေဒ ဌာန
- ကုန်ထုတ်ဓာတုဗေဒ ဌာန
- ဘူမိဗေဒ ဌာန
- ဒဿနိက ဌာန
- အရှေ့တိုင်းပညာ ဌာန
- ဓာတုဗေဒ ဌာန
- ရူပဗေဒ ဌာန
- ဥပဒေ ဌာန
စီမံရေး ဌာနများ
စီမံရေးဌာန(၁၂)ခု ရှိသည်။ စီမံရေးဌာနများမှာ-
- စီမံရေးရာဌာန
- ကျောင်းသားရေးရာဌာန၊
- အဝေးသင်ဌာနခွဲ၊
- ဘဏ္ဍရေးဌာန၊
- စာမေးပွဲနှင့်ဘွဲ့နှင်း
- စာကြည့်တိုက်
- တက္ကသိုလ်စီမံခန့်ခွဲရေးကော်မတီ
- ဗုဒ္ဓဘာသာအသင်း
- အနုပညာအသင်း
- ICT ကြီးကြပ်ရေး ကော်မတီ၊
- ကြက်ခြေနီ အသင်း
- နယ်မြေဌာန တို့ဖြစ်သည်။
Remove ads
သင်ကြားနိုင်သောဘာသာရပ်များ နှင့် ပေးအပ်သောဘွဲ့များ
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင်အဓိအားဖြင့် ဝိဇ္ဇာနှင့် သိပ္ပံ အထူးပြုဘာသာရပ်များ သင်ယူနိုင်သည်။
Remove ads
အဝေးသင်ဌာနခွဲ
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် အဝေးသင်ဌာနခွဲကိုလည်းဖွင့်လှစ်ထားသည်။
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads