ရာဇဓာတုကလျာ
ထင်ရှားသည့် စာဆိုတော် From Wikipedia, the free encyclopedia
Remove ads
မြန်မာ့သမိုင်းတွင် အလွန်လှပသည် ဟုထင်ရှားသည့် ပင်တိုင်စံမင်းသမီးတစ်ပါးဖြစ်သည်။

ဟံသာ၀တီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးနှင့် ရာဇဒေဝီဘွဲ့ခံ ရှင်ထွေးလှတို့မှ ၉၂၁ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ ထိုနေ့သည် မဟာစေတီ၏ ဌာပနာအဖြစ် ဓာတ်တော်များကို ပူဇော်ပင့်ယူသည့်နေ့ ဖြစ်သည့်အတွက် ဘုရင့်နောင်မင်းတရားကြီးက ရာဇဓာတုကလျာဟု အမည်ပေးခဲ့သည်။
၉၄၈ ခုနှစ် တွင် နန္ဒဘုရင် ယိုးဒယားသို့ စစ်ချီသွားစဉ် သားတော်မဟာဥပရာဇ်က အတင်းအကျပ်သိမ်းပိုက်ကာ အိမ်ရှေ့မိဖုရားမြှောက်ခဲ့သည်။ နန္ဒဘုရင် ဟံသာဝတီပြန်ရောက်လျှင် အဒေါ်နှင့် တူဖြစ်ပြီး မောင်နှမဝမ်းကွဲတော်သည့် နှမတော်အဖြစ် ချစ်ခင်လှသည့်အတွက် မဟာဥပရာဇ်အား ပြင်းထန်စွာ ဆူပူသေးသည်ဟု သိရသည်။ ၉၅၄ ယိုးဒယားတိုက်ပွဲတွင် မဟာဥပရာဇ်ကျဆုံးရာ မုဆိုးမ ဖြစ်ရလေသည်။
သို့သော် အသက် ၄၀ ကျော်အရွယ်ရောက်လျှင် တူဝမ်းကွဲတော်စပ်သည့် တောင်ငူအိမ်ရှေ့စံ နတ်သျှင်နောင်က နှစ်သက်မြတ်နိုးပြန်သဖြင့် ၉၆၄ ခုနှစ် နှောင်းတန်ခူး ၁၀ရက်၊ သောကြာနေ့ (21 March 1603) တွင် အိမ်ရှေ့မိဖုရားဖြစ်လာပြန်သည်။ သို့သော် အိမ်ရှေ့မိဖုရားအဖြစ်ရောက်ပြီး ၇ လမျှအကြာ (November 1603) တောင်ငူတွင် ကွယ်လွန်လေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads