ရေနံချောင်းတက္ကသိုလ်

From Wikipedia, the free encyclopedia

Remove ads

ရေနံချောင်းတက္ကသိုလ် (အင်္ဂလိပ်: Yenangyaung University) သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးရေနံချောင်းမြို့တွင် တည်ရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။[] ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ပါဝင်သည်။

အချက်တိုများ တည်ထောင်, နှီးနွယ်အဖွဲ့အစည်း ...
Remove ads

သမိုင်းကြောင်း

၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရေနံချောင်းဒေသကောလိပ်ကို BOC‌ဆေးရုံဟောင်း နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး ရေနံချောင်းဒေသကောလိပ်ကို ရေနံချောင်းကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေနံချောင်းကောလိပ်ကို ရေနံချောင်းဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

Remove ads

တည်နေရာနှင့်အကျယ်အဝန်း

ရေနံချောင်းတက္ကသိုလ်သည် ရေနံချောင်းမြို့၏တောင်ဘက် ရန်ကုန်-မန္တလေးပြည်‌ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၅၂.၇၅ ဧက (၂၁.၃၅ ဟက်တာ) ကျယ်ဝန်းသည်။

သင်တန်းများ

​ရေနံ​ချောင်းတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။

နောက်ထပ် အချက်အလက်များ သင်တန်း, ဘွဲ့ ...

ချီးမြှင့်အပ်နှင်းသည့်ဘွဲ့များ

ဝိဇ္ဇာအထူးပြုဘာသာတွဲများ

  • ဝိဇ္ဇာဘွဲ့ - BA
  • ဝိဇ္ဇာဂုဏ်ထူးဘွဲ့ - BA (Hons;)
  • မဟာဝိဇ္ဇာဘွဲ့ - MA

သိပွံအထူးပြုဘာသာတွဲများ

  • သိပ္ပံဘွဲ့ - BSc
  • သိပ္ပံဂုဏ်ထူးဘွဲ့ - BSc (Hons;)
  • မဟာသိပ္ပံဘွဲ့ - MSc

ပညာသင်နှစ်

ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများအတွက် ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် စတင်ဖွင့်လှစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads