ရေနံချောင်းတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
ရေနံချောင်းတက္ကသိုလ် (အင်္ဂလိပ်: Yenangyaung University) သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် တည်ရှိသည့် တက္ကသိုလ်တစ်ခု ဖြစ်သည်။[၁] ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်တွင် ပါဝင်သည်။
Remove ads
သမိုင်းကြောင်း
၁၉၇၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ရေနံချောင်းဒေသကောလိပ်ကို BOCဆေးရုံဟောင်း နေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။
ဒေသကောလိပ်များကို ၁၉၈၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ပညာရေးဝန်ကြီးဌာနက လွှဲပြောင်းယူခဲ့ပြီး ရေနံချောင်းဒေသကောလိပ်ကို ရေနံချောင်းကောလိပ် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၂၀၀၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ရေနံချောင်းကောလိပ်ကို ရေနံချောင်းဒီဂရီကောလိပ်အဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၃၁)ရက်တွင် ရေနံချောင်းတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။
Remove ads
တည်နေရာနှင့်အကျယ်အဝန်း
ရေနံချောင်းတက္ကသိုလ်သည် ရေနံချောင်းမြို့၏တောင်ဘက် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ၅၂.၇၅ ဧက (၂၁.၃၅ ဟက်တာ) ကျယ်ဝန်းသည်။
သင်တန်းများ
ရေနံချောင်းတက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA)၊ သိပ္ပံဘွဲ့ (BSc) သင်တန်းများကို လေးနှစ်ကာလနှင့်၊ ဂုဏ်ထူးတန်းဘွဲ့များအတွက် ငါးနှစ်ကာလဖြင့် သင်တန်းများ ပို့ချပေးသည်။
ချီးမြှင့်အပ်နှင်းသည့်ဘွဲ့များ
ဝိဇ္ဇာအထူးပြုဘာသာတွဲများ
- ဝိဇ္ဇာဘွဲ့ - BA
- ဝိဇ္ဇာဂုဏ်ထူးဘွဲ့ - BA (Hons;)
- မဟာဝိဇ္ဇာဘွဲ့ - MA
သိပွံအထူးပြုဘာသာတွဲများ
- သိပ္ပံဘွဲ့ - BSc
- သိပ္ပံဂုဏ်ထူးဘွဲ့ - BSc (Hons;)
- မဟာသိပ္ပံဘွဲ့ - MSc
ပညာသင်နှစ်
ပညာသင်ကာလမှာ ၄ နှစ်ဖြစ်သည်။ နေ့ကျောင်းသားများအတွက် ပထမပညာသင်ကာလ သင်တန်းကို ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ပြီး ဒုတိယပညာသင်ကာလ သင်တန်းကို ဇွန်လတွင် စတင်ဖွင့်လှစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads