ရေဖြူမြို့
From Wikipedia, the free encyclopedia
Remove ads
ရေဖြူမြို့သည် မြန်မာနိုင်ငံ အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်၏။ ထားဝယ်မြို့၏ အထက် ၁ဝ မိုင်ခန့်အကွာ ထားဝယ်မြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ရေဖြူမြို့နယ်မှာ ထားဝယ်ခရိုင်၏ မြောက်ဘက်အကျဆုံး မြို့နယ်ဖြစ်၍ ၁၅၈၂ စတုရန်း မိုင် ကျယ်ဝန်းသည်။ သူကြီးပိုင်နယ်ပေါင်း ၃၅ ခု ပါဝင်သည်။ ရေဖြူသည် ၁၉၀၁ ခုက လူဦးရေ ၂၆၉ ဦးသာ ရှိသော ရွာကြီးတရွာ ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄,၇၄၄ ယောက်[၁] ရှိသည်။ ရေဖြူမြို့အနီး နဘူးလယ်ရွာတွင် ဗုဒ္ဓခြေတော်ရာ တဆူ ရှိသည်။ ဖူးသင့်လှသည်။ [၂]
ရေဖြူမြို့နယ်သည် ထားဝယ်မြို့၏ ကျောထောက်နောက်ခံနယ် တစ်နယ်ဖြစ်၍ ဆန်စပါး၊ ကျွန်းသစ်နှင့် သတ္တုများ ထွက်သည်။ နယ်အတွင်း၌ အဓိကအလုပ်အကိုင်မှာ ဆန်စပါး စိုက်ပျိုးခြင်း ဖြစ်သည်။ ရေဖြူနယ် ကံဘောက်သတ္တုတွင်းက အဖြိုက်နက် သတ္တု အဓိက ထုတ်လုပ်ပြီး၊ ခဲမဖြူနှင့် ရောနှော ထွက်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads