ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

From Wikipedia, the free encyclopedia

Remove ads

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) (အင်္ဂလိပ်: Shan & Nationalities Democratic Party (White Tiger Party)) သည် ပြည်ထောင်စုအဆင့် ဝင်ပြိုင်သည့် နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ယခင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမည်ဖြင့် မှတ်ပုံတင်ခဲ့သော ပါတီဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် လက်ရှိအမည်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

အချက်တိုများ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ), ခေါင်းဆောင် ...
Remove ads

ခေါင်းဆောင်များ

ကျားဖြူပါတီ၏ ဥက္ကဋ္ဌသည် စိုင်းအိုက်ပေါင်း ဖြစ်သည်။

သမိုင်းကြောင်း

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပါတီ၏ မူလရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားတို့၏ အရေးကို အဓိကထား ကိုယ်စားပြုရန်ဖြစ်သည်။

အမည်ပြောင်းလဲခြင်းနှင့် ရည်ရွယ်ချက်

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ပါတီအမည်ကို "ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ" ဟု ပြောင်းလဲကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၃၃/၂၀၂၃) ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။ [] ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၂၈) ဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ၏ ပြောကြားချက်အရ ပါတီသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ရှမ်းတိုင်းရင်းသားများအပြင် မြန်မာနိုင်ငံရှိ အခြားသော တိုင်းရင်းသားလူမျိုးများ၏ အကျိုးစီးပွားကိုပါ ကိုယ်စားပြုနိုင်ရန် ရည်ရွယ်၍ အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဤအမည်ပြောင်းလဲခြင်းသည် ပါတီ၏ နိုင်ငံရေးရှုထောင့်ကို ပိုမိုကျယ်ပြန့်လာစေရန် ရည်မှန်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ []

ပါတီရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်း၊ MMM ကွန်ဒို၊ အမှတ် ၄၃-၄၄ (8-A) တွင် ဖွင့်လှစ်ထားရှိသည်။[]

Remove ads

ဖြစ်ရပ်များ

ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP သည် သျှမ်းပြည်နယ်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပါတီရုံးပေါင်း ၁၂၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီ။[]

ရွေးကောက်ပွဲ ရလဒ်များ

အမျိုးသားလွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ပြည်သူ့လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

ပြည်နယ်လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...

တိုင်းရင်းသားရေးရာ ဝန်ကြီးများ

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, စုစုပေါင်း အနိုင်ရနေရာ ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads