ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ

မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ
Remove ads

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (အင်္ဂလိပ်: Shan Nationalities Democratic Party; အတိုကောက် SNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ကျားဖြူပါတီဟုလည်း ခေါ်ဆိုကြသည်။[][]

အချက်တိုများ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ, အင်္ဂလိပ် အမည် ...
Remove ads

သမိုင်းကြောင်း

ပါတီကို ၂၀၁၀ ခုနှစ် ဧပြီလတွင် မှတ်ပုံတင်ခဲ့သည်။ ပါတီ၏ ဌာနချုပ်မှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်တွင် တည်ရှိပြီး ပါတီဥက္ကဋ္ဌမှာ ဦးစိုင်းအိုက်ပေါင်းဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပါတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သော ဦးစိုင်းအိုက်ပေါင်းနှင့် ဦးစိုင်းနော်ခမ်းတို့ကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ အဖြစ် ခန့်အပ်ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ပါတီဌာနချုပ်ကို တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းပန်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမတ် တစ်နေရာတည်းသာ အနိုင်ရခဲ့သည်။[]

Remove ads

ရွေးကောက်ပွဲရလဒ်များ

အမျိုးသားလွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, အနိုင်ရနေရာ စုစုပေါင်း ...

ပြည်သူ့လွှတ်တော်

နောက်ထပ် အချက်အလက်များ ရွေးကောက်ပွဲ, အနိုင်ရနေရာ စုစုပေါင်း ...


Remove ads

ပယ်ဖျက်ခြင်း

ဤပါတီကို ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိခဲ့သောကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။[]

ပါတီနာမည်ပြောင်းခြင်း

မူလ "ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ" (SNDP) ကို "ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ" အဖြစ် အမည်ပြောင်းလဲကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့သည်။ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်နှင့် ရှမ်းတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားများအတွက်ပါ ရည်ညွှန်းသည့် ပါတီဖြစ်စေရန် ရည်ရွယ်၍ အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။[]

Remove ads

အခြားကြည့်ရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads