လဟယ်မြို့

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့ From Wikipedia, the free encyclopedia

Remove ads

လဟယ်မြို့ သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလဟယ်မြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ ဖြစ်သည်။[]

အချက်တိုများ လဟယ်မြို့, နိုင်ငံ ...

လဟယ်သည် နာဂသူကြီး အီနွယ်လှဟယ်ကို အစွဲပြု၍ လဟယ်ဟု ခေါ်သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် ရာသီဥတု ကြမ်းတမ်းပြီး အဖျားအနာ ထူပြောလှသောကြောင့် နေရာသစ်ကို ရှာဖွေကြသော နာဂလိုင်နောင် မျိုးနွယ်စုသည် သစ်ခြောက်ပင်ကြီး တပင် အခေါက်ကွာနေသည့် နေရာတွင် မြို့ရွာ တည်ပြီး၊ ပီးကူရွာဟု ခေါ်ဆိုသည်။ ပီးကူရွာသူကြီးကား အီနွယ်လှဟယ် ဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၁၃ ပေ အမြင့်တွင် တည်သော ‌လဟယ်သည် တောင်ပေါ်ဒေသ ဖြစ်သော်ငြား မြေပြန့်လွင်ပြင်များလည်း ရှိသည်။ လဟယ်သို့ ခန္တီးမြို့ တဖက်ကကမ်း ဆင်သေရွာမှ တဆင့် သွားနိုင်သည်။ ကားလမ်း မပေါက်မီက ဆင်သေရွာမှ ကုန်စည်များကို ဝန်တင်လားများဖြင့် ပို့ဆောင်ရသည်။ ခန္တီး ဆင်သေ လဟယ်လမ်းမှာ ၅၆ မိုင် ဝေးပြီး၊ ၁၉၅၂ တွင် ဖောက်လုပ်သည်။ ၁၉၉၀ ပြည့်နှစ်၌ လမ်းကို ထပ်မံ ပြုပြင်ရာ ၁၉၉၂ တွင် ကုန်ပစ္စည်းများ အလွယ်တကူ ပို့ဆောင်နိုင်သည်။

ဆင်သေနှင့် လဟယ်အကြား ၅၃ မိုင် ခရီးသည် အလှမ်းမကွာလှသော်လည်း၊ နဂတောင်တန်းများထက် မော်တော်ကား တနေကုန် စီးရသော ခရီး ဖြစ်ပြီး၊ ထိန်ညိုတောင်ကုန်းကို ဖြတ်ကျော်ရသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads