လီမင်ဟို

တောင်ကိုရီးယား သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ် From Wikipedia, the free encyclopedia

လီမင်ဟို
Remove ads

လီမင်ဟို (ကိုရီးယား: 이민호; ဟန်ဂျာ: 李敏鎬; ၂၂ ဇွန် ၁၉၈၇ ~ )[] သည် တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်၊ ဖန်တီးမှုဒါရိုက်တာ[]နှင့် စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည်။[]

အချက်တိုများ လီမင်ဟို이민호 (ကိုရီးယား), ဇာတိ အမည် ...

၂၀၀၉ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သော Boys Over Flowers ရုပ်/သံ ဇာတ်လမ်းတွဲတွင် ဇာတ်ကောင် ဂူဂျွန်ဖြိုး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး (၄၅) ကြိမ်မြောက် Baeksang Arts Awards ဆုပေးပွဲ၌ အကောင်းဆုံး လူသစ် သရုပ်ဆောင်ဆုကိုလည်း ရရှိခဲ့သည်။ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့သည့် နာမည်ကျော် လူကြိုက်များခဲ့သော ရုပ်/သံဇာတ်လမ်းတွဲများတွင် Personal Taste (2010) ၊ City Hunter (2011) ၊ Faith (2012) ၊ The Heirs (2013) ၊ The Legend of the Blue Sea (2016) တို့ ပါဝင်သည်။ ၂၀၂၀ ခုနှစ်တွင် ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၃၅ သန်းကျော် ရရှိခဲ့သည့် Studio Dragon ၏ ဇာတ်လမ်းတွဲဖြစ်သော The King: Eternal Monarch တွင်လည်း သရုပ်ဆောင်ခဲ့သည်။[] လီမင်ဟိုသည် ရုပ်/သံ သရုပ်ဆောင်အဖြစ်သာမက ၂၀၁၅ ခုနှစ်ထွက် Gangnam Blues (2015) ရုပ်ရှင်ဇာတ်ကားတွင် ရုပ်ရှင်သရုပ်ဆောင် ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၎င်းနောက်တွင် တရုတ်နိုင်ငံမှ ရိုက်ကူးထုတ်လုပ်မှုတွင် ပထမဆုံးပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည့် Bounty Hunters (2016) ရုပ်ရှင်ကားနှင့် အချစ်ဇာတ်လမ်းအမျိုးအစား-ဝဘ်ဇာတ်လမ်းတွဲတို Line Romance (2014) တို့တွင်လည်း သရုပ်ဆောင်ခဲ့သည်။[]

လီမင်ဟိုသည့် သူသရုပ်ဆောင်ခဲ့သည် ရုပ်/သံ ဇာတ်လမ်းတွဲများ၏ အောင်မြင်မှုများကြောင့် သူ့အား ထိပ်တန်း Hallyu ကြယ်ပွင့်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။[][] သူသည် ဆိုရှယ်မီဒီယာပေါ်တွင် လူကြည့်အများဆုံး တောင်ကိုရီးယား အမျိုးသား သရုပ်ဆောင်လည်းဖြစ်သည်။[] လီမင်ဟိုသည် Madame Tussauds တွင် ၎င်း၏ ပုံတူ-ဖယောင်းရုပ်တု ထုဆစ်၍ ဂုဏ်ပြုခံရသည့် ပထမဆုံးသော ကိုရီးယားအနုပညာရှင်ဖြစ်လာခဲ့ပြီး ၎င်းရုပ်တုအား ၂၀၁၃ ခုနှစ်တွင် ရှန်ဟိုင်း၌လည်းကောင်း၊[၁၀] ၂၀၁၄ ခုနှစ်တွင် ဟောင်ကောင်၌လည်းကောင်း ပြသခဲ့သည်။[၁၁] သူသည် ထုတ်ကုန်ထောက်ခံချက်တစ်ခုတည်းမှပင် အမေရိကန်ဒေါ်လာ ၂.၅ သန်း ရရှိထားသူ ဖြစ်သည်။[]

Remove ads

ရိုက်ကူးရေး

ရုပ်ရှင်

နောက်ထပ် အချက်အလက်များ ခုနှစ်, ဇာတ်ကားအမည် ...

ရုပ်/သံ ဇာတ်လမ်းတွဲ

နောက်ထပ် အချက်အလက်များ ခုနှစ်, ဇာတ်လမ်းအမည် ...

ဝဘ် ဇာတ်လမ်းတွဲ

နောက်ထပ် အချက်အလက်များ ခုနှစ်, ဇာတ်လမ်းအမည် ...

တေးဂီတ ဗီဒီယို

နောက်ထပ် အချက်အလက်များ ခုနှစ်, တေးသံရှင် ...
Remove ads

တေးသံသွင်း

  • My Everything (2013, Korean)
  • My Everything (2013, Japanese)
  • Song For You (2014)

ဆုရရှိမှုများနှင့် ဆန်ခါတင်ဝင်မှုများ

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads