လျှပ်စစ်စက်ကွင်း

From Wikipedia, the free encyclopedia

လျှပ်စစ်စက်ကွင်း
Remove ads

လျှပ်စစ်စက်ကွင်း (အင်္ဂလိပ်: electric field) ဆိုသည်မှာ ၎င်းအဝန်းအဝိုင်းသို့ လျှပ်ဓာတ်ဆောင်သော အမှုန်များ ဝင်ရောက်နေလျှင် ထိုအမှုန်များ အားခံစားရမည့် လမ်းကြောင်းတို့ကို မျဉ်းများဆွဲသားပြနိုင်သော စက်ကွင်း ဖြစ်သည်။ လျှပ်စစ်စက်ကွင်း အချင်းချင်း အာနိသင်ထပ်မှု (superpostion) ပြုလုပ်နိုင်သည်။

Thumb
(အနီရောင်)လျှပ်ဖိုအမှုန်နှင့် (အပြာရောင်)လျှပ်မမှုန်တို့က အတူတကွ ဖော်ဆောင်နေမည့် လျှပ်စစ်စက်ကွင်းပုံ
Thumb
လျှပ်စစ်စက်ကွင်းများ ဆင့်ကဲဖြစ်ပေါ်ပုံ

လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်စေနိုင်သော အရာများမှာ -

  • လျှပ်ဓာတ်ဆောင်သော အမှုန်

  • အခြားလျှပ်စစ်စက်ကွင်း ပြောင်းလဲနေမှုကြောင့် ဖြစ်ပေါ်ပြောင်းလဲနေသော သံလိုက်စက်ကွင်း

- တို့ ဖြစ်လေသည်။[]

Remove ads

စက်ကွင်းဂယက်ထမှု

လျှပ်စစ်စက်ကွင်းနှင့် သံလိုက်စက်ကွင်းတို့မှာ ဆက်နွယ်မှု ရှိကြောင်း လျှပ်စစ်သံလိုက်ဓာတ်ကို လေ့လာခြင်းဖြင့် သိနိုင်သည်။ အတိုးအလျော့ အပြောင်းအလဲ ရှိနေသော ၎င်းတို့ တစ်မျိုးတစ်စားက ကျန်တစ်မျိုးတစ်စားကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လျှပ်ဓာတ်ဆောင် အမှုန်တစ်ခုက ကိန်းသေအလျင်နှင့် မသွားဘဲ အလျင်ပြောင်းနှုန်း (acceleration) ဖြစ်သွားလျှင် လျှပ်စစ်စက်ကွင်းအတွင်း ဂယက်ထမှု[]က သံလိုက်စက်ကွင်းအတွင်း ဂယက်ထမှုနှင့် အပြန်အလှန် သက်ရောက်ချက် ကမ်းဆင့်ကာ ဂယက်ထမှု ပျံ့နှံ့သွားသည်။ ၎င်းနှင့်အတူ စွမ်းအင်လည်း သယ်ဆောင်သွားသည်။ ဤသည်မှာ လျှပ်စစ်သံလိုက်လှိုင်း ဖြစ်ပေါ်မှု ဖြစ်သည်။

Thumb
ဥပမာအဖြစ် လျှပ်မဓာတ်ဆောင်သော အမှုန်တစ်ခုက ကိန်းသေအလျင်ဖြင့် ရွေ့နေရာမှ ရုတ်ချည်းရပ်လိုက်မှုကြောင့် အလျင်ပြောင်းနှုန်း (acceleration) ဖြစ်ပေါ်ကာ လျှပ်စစ်စက်ကွင်း ဂယက်ထမှုက လျှပ်စစ်သံလိုက်လှိုင်းအဖြစ် ပျံ့နှံ့သွားပုံ
Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads